(Unicode)
Chapter (15.2) – shou နှစ်ယောက်မှာ အနာဂတ်မရှိ
"ငါ့အတွက်တွေးပေးလို့ ကျေးဇူးနော်... မွ...."
ချင်းလောင်ပြုံးလိုက်သည်။
"ဟမ့်...."
"ဝူး ဝူး ဝူး ကြီးမြတ်တဲ့ host ရေ... မင်းကကျွန်တော့်အစ်ကိုနဲ့ ဝူး ဝူး ဝူး... မင်းကျွန်တော့်အစ်ကိုကိုကြိုက်လို့မရဘူး။ သူကကျွန်တော့်အပိုင်ပါဆို..."
ချင်းလောင် နဖူးကို လက်ဖြင့် ထောက်ထားလိုက်ရပြီ။ သူ့မှာ တခြား system တစ်ခု ရှိသေးကြောင်း မေ့သွားခဲ့သည်။
"zero zeroရေ... မငိုပါနဲ့ကွာ။ မင်းမကြားဖူးဘူးလား။ shou နှစ်ယောက်မှာ အနာဂတ်ဆိုတာ ရှိနိုင်ပါ့မလားဆိုတာလေ။ မင်းအစ်ကိုနဲ့ငါက ဖြစ်မှမဖြစ်နိုင်တဲ့ဟာ အဲဒီ့အကြောင်း မတွေးစမ်းနဲ့။ ငါတို့မှာ ပလတ်စတစ်ဆန်တဲ့ ဆက်ဆံရေးပဲရှိတယ်။ မင်းအစ်ကိုက မင်းအပိုင်ပါပဲကွာ..."
"ဟမ့်..."
"........"
— system နှစ်ခုနဲ့ ချိတ်ထားတဲ့ လူတစ်ယောက်အနေနဲ့ အရမ်းပင်ပန်းလိုက်တာနော်...။
ချင်းလောင် ရေချိုးသန့်စင်ပြီးထွက်လာတော့ ယဲ့ချန်က အခန်းထဲမှာ မရှိဝောာ့ပေ။ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တစ်ခုခုစားရန် လှေကားမှ ဆင်းသွားလိုက်သည်။
သူအပူရှပ်နေပြီမို့ အစာမကြေတာတွေ အများကြီး မစားနိုင်လောက်ဘူးဆိုတာ သူသိသည်။
စားပြီးနောက် နေ့စဉ်လိုအပ်သော အသုံးအဆောင်ပစ္စည်းတစ်ချို့ကို ၀ယ်လိုက်သည်။ သူပြန်ချိန်မှာတော့ အိတ်ကြီး၊ အိတ်ငယ်များစွာ ပါလာလေတော့သည်။
ယဲ့ချန်သည် ခေါက်ထားသော အိပ်ယာခင်းပေါ် လက်တစ်ဖက်တင်ထားပြီး ကျန်တစ်ဖက်က စာအုပ်ကိုကိုင်ထားလေသည်။ သူ၏ရှည်လျားသော ခြေတံတို့ကိုမူ တစ်ခုကိုတစ်ခု ထပ်လျက်ဖြင့် အိပ်ရာအပြင်ဘက်မှာ တွဲလျားချထားလေသည်။
သူ၀င်လာချိန်မှာဝောာ့ သူ့ကိုပျင်းရိစွာကြည့်လာသည်။ ချင်းလောင်သည် ဖျတ်ခနဲကြည့်လိုက်ပြီးနောက် အဝေးသို့အကြည့်လွှဲလိုက်သည်။
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...