(Unicode)
Chapter (30.1)–ချင်းလောင်ကိုပဲ ချွေးမအဖြစ်လက်ခံမယ်
ချင်းလောင်ရဲ့ စကားတွေကို ကြားရပြီးနောက် အမေယန်ဟာ ဆက်မနေရဲတော့ပါချေ။ ရေနွေးဓာတ်ဘူးတွေကိုသယ်ကာ လူနာခန်းထဲမှ ထွက်လာလေသည်။
ထို့နောက် တံခါးအပြင်မှ သူမ၏သားကို တွေ့လိုက်ရသည်။
ယန်ဟန့်မျက်နှာ၌ အချိန်အတော်ကြာ မမြင်ခဲ့ရသော ၀မ်းနည်းနေသည့်အမူအရာသည် ရှင်းလင်းပြတ်သားစွာရှိနေလေသည်။ ဟုတ်သည်။ လုံး၀ကို ရှင်းရှင်းလင်းလင်းကြီးပင်။
ဒါပေမဲ့ ဘာလို့သူက ၀မ်းနည်းနေတာလဲ။ ဘယ်သူ့အတွက် ၀မ်းနည်းနေတာလဲ။
သူမသည် သူမ၏သားကို လှောင်ပြုံးလေး ပြုံးပြလိုက်သည်။
"မင်းကို အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ နောင်တမရစေနဲ့လို့"
"အမေ..."
ယန်ဟန့်အသံက အက်ကွဲနေသော်လည်း သူ့အမေကိုခေါ်ပြီးနောက် ဘာဆက်ပြောရမလဲ မသိပေ။
"ငါ့ကို အမေလို့မခေါ်နဲ့"
အမေယန်သည် သူမ၏သားကို စူးစူးဝါးဝါးကြည့်လိုက်သည်။
"ရှောင်လောင်တစ်ယောက်တည်းကိုပဲ ချွေးမအဖြစ်လက်ခံမယ်။ သူ့ကိုပြန်မလိုက်နိုင်ဘူးဆိုရင် နောက်ထပ် ဘယ်တော့မှ အမေလို့လာမခေါ်နဲ့တော့"
"ကျွန်တော်..."
ယန်ဟန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိသေးပေ။
မည်သို့ဆိုစေ ကလေးတစ်ယောက်၏အကြောင်းကို သူ့မိခင်ထက် ပိုသိသူမရှိနိုင်ပေ။
"ရှောင်လောင့်နှလုံးသားထဲမှာ မင်းရှိနေသေးတယ်ဆိုတာ မင်းလည်း ကောင်းကောင်းသိနေပါတယ်။ မင်းသူ့ကို တစ်ကယ်မဆုံးရှုံးချင်ဘူးဆိုရင် တုံ့ဆိုင်းမနေတာ ပိုကောင်းမယ်။
ဟုတ်တာပေါ့။ မင်း... ရှောင်လောင်လိုချင်တာကို မပေးနိုင်ဘူးဆိုရင် သူ့အနားကို ကပ်တောင်မကပ်နဲ့တော့။ မင်းမရှိလဲ သူ့ဘေးမှာ သူ့စိတ်ဒဏ်ရာကို ကုသပေးမဲ့သူတွေ အများကြီးရှိတယ်။
အမာရွတ်တွေ မပျောက်နိုင်ရင်တောင်မှ အနည်းဆုံးတော့ သူတို့က ဒဏ်ရာအသစ်တွေ ထပ်ပေါင်းပေးကြမှာ မဟုတ်ဘူးလေ"
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...