(26.2)တိတ်တဆိတ်လက်ထပ် တိတ်တဆိတ်ကွာရှင်း/တိတ္တဆိတ္လက္ထပ္ တိတ္တဆိတ္ကြာရွင္း

198 35 13
                                    

(Unicode)

Chapter (26.2) – တိတ်တဆိတ်လက်ထပ် တိတ်တဆိတ်ကွာရှင်း

ကျင်းယွီသည် ထိုလူ၏ ခိုးကြောင်ခိုးဝှက်ပုံစံကို မြင်လိုက်ရာ တစ်ယောက်ယောက်နှင့် ဖမ်းခိုင်းရန်ဟန်ပြင်လိုက်သည်။

သို့သော် ထိုပါပါရာဇီက အနံ့ခံကောင်းရာ ကျင်းယွီလူလွှတ်ပြီး မဖမ်းခိုင်းရသေးခင်မှာပင် ဖုန်တန်းသာ ကျန်လောက်သည်အထိ ခပ်မြန်မြန်ပဲထွက်ပြေးသွားလေသည်။

"ထားလိုက်ပါတော့ အစ်ကိုကျင်းယွီ... ကျွန်တော်က သိပ်ပြီးနာမည်မကြီးတော့ ကိစ္စမရှိပါဘူး"

ချင်းလောင်သည် ဂုဏ်သိက္ခာကြီးမားသော ကျင်းမိသားစု၏ ဆက်ခံသူက ပါပါရာဇီနောက် ပြေးလိုက်မည့်ဟန်ပြင်နေတာကြောင့် နည်းနည်းတော့ စိတ်လှုပ်ရှားသွားရသည်။

ဒီဖြစ်ရပ်က သူ့ကို ယန်ဟန့်အကြောင်း ပြန်သတိရသွားစေသည်။ အဲဒီ့နောက်မှ သူရုတ်တရက်ထုံထိုင်းသွားတော့သည်။

— သူတို့က ကွာရှင်းပြီးပြီဆိုဝောာ့ အတင်းအဖျင်းတွေ ထွက်လာရင် ဘယ်လိုလုပ်ရပါ့...။ ဘာပဲဖြစ်ဖြစ် အဲဒီ့လူကတော့ ဂရုတောင်စိုက်မှာ မဟုတ်ပါဘူးလေ။

ကျင်းယွီသည် သူ့လက်မောင်းကို ဖမ်းဆွဲထားသော လက်ကလေးကိုငုံ့ကြည့်ရင်း ထိုပါပါရာဇီအကြောင်း ထပ်မတွေးနိုင်ဝောာ့ပါချေ။

ချင်းလောင်က ရည်မှန်းချက်ကြီးကြီးဖြင့် သူဌေးဖြစ်သူကို ကပ်တွယ်ထားသည်ဆိုတဲ့ အတင်းအဖျင်းမျိုး နောက်ပိုင်းမှာ သတင်းထွက်လာမှာ သေချာနေပေသည်။ အဲဒါက ချင်းလောင်အတွက် ပြဿနာဖြစ်နိုင်လောက်မလား။

သူဟာ နောက်ပိုင်းထွက်လာမဲ့အတင်းအဖျင်းတွေရော ဖြေရှင်းချက်တွေပေးဖို့ပါ ဂရုမစိုက်ပေမဲ့ ချင်းလောင်ကိုတော့ ၀မ်းမနည်းစေချင်ပေ။

"အိုကေ... ရှောင်လောင်... သတင်းတွေထွက်လာရင် အစ်ကို့လူတွေကို ဖြေရှင်းခိုင်းလိုက်ပါ့မယ်။ မင်းမှာ ဘာပြဿနာမှ မဖြစ်စေရပါဘူး"

ကျင်းယွီက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သူဟာ အလွန်ယဉ်ကျေးပြီး သူ့ဘေးနားကလူတွေအတွက် တွေးပေးတတ်ရုံမက သူနှင့်ဆက်ဆံ ပြောဆိုရာမှာ သက်တောင့်သက်သာလည်း ဖြစ်စေသည်။

ချင်းဖုန်းပြောတာမှန်သည်။ ကျင်းယွီက ပိုကောင်းသောရွေးချယ်မှုတစ်ခုပင်။ သူသာ ယန်ဟန့်ကိုလက်လွှတ်နိုင်သွားပါက ကျင်းယွီနှင့် ကြိုးစားကြည့်ရပေမည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora