(Unicode)
Chapter (14.2) – ငါ မင်းအတွက် အမွှေးတိုင်ထွန်းပေးပါ့မယ်
"အခုအချိန်မှာ ယဲ့ချန် ဘာလုပ်နေလောက်လဲ"
ချင်းလောင်မေးစေ့ကိုကိုင်ရင်း သူ့ဘာသာခွဲခြမ်းစိတ်ဖြာနေသည်။
"ငါမှန်းကြည့်ရရင် အခုလောက်ဆို အတန်းဖော်၀မ်က ငါ့ရဲ့ဆိုးရွားတဲ့ပုံကို သူ့ဆီပို့လိုက်တာဖြစ်ရမယ်။ ချန်ချန်က နည်းနည်းစိတ်မကောင်းဖြစ်သွားပေမဲ့ သူ့ကိုဘာမှမပြောဘဲ လေယာဉ်ကွင်းဆီရောက်နေတာသိသွားဝောာ့ ထပ်ပြီးစိတ်ဆိုးသွားတာဖြစ်ရမယ်"
System: "......"
— မင်းအကုန်ပြောသွားတော့ ငါက ဘာများပြောနိုင်ဦးမှာလဲ။
"ထပ်မှန်းကြည့်ရရင် ငါကသူ့ဆီကနေ ပုန်းချင်လို့ အလျင်လိုနေတာလို့ တွေးနေလောက်တယ်"
ချင်းလောင်သက်ပြင်းချသည်။
"နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါကျရင် ငါလေးတော့ ဆိုးဆိုးရွားရွားသေရဝောာ့မှာ သေချာနေပြီ"
system က နှစ်သိမ့်ပေးသည်။
"ကောင်းကောင်းအနားယူလိုက်ပေါ့။ ငါ မင်းအတွက် အမွှေးတိုင်ထွန်းပေးပါ့မယ်"
"....…"
— ဖာ့ခ်... နုံချာစုတ်ပြတ်နေတဲ့ ပလတ်စတစ်ဆန်ဆန် ဆက်ဆံရေးပဲ။
ချင်းလောင် ခဏလောက်တွေးလိုက်သည်။ ရှုပ်ထွေးနေတဲ့ သူ့ရဲ့ခံစားချက်တွေကို ထပ်ပေါင်းထည့်ရရင် သူယဲ့ချန်ကို လက်လွှတ်ရန် မတတ်နိုင်ပါချေ။
နောက်ဆုံးအနေဖြင့် လေယာဉ်မထွက်ခွာမီ ယဲ့ချန်ဆီ စာတစ်စောင်ဝောာ့ ပို့လိုက်သည်။ မြို့ဝောာ် A ကိုရောက်ရင်တော့ ဖုန်းနံပါတ် လဲပစ်လိုက်မည်။လောင် : ငါသွားပြီ။ မင်းကိုယ်မင်း ဂရုစိုက်ပါ။
ယဲ့ချန်သည် ဖုန်းမှာပေါ်နေသည့် စာတိုလေးကို အံကြိတ်ကာ ကြည့်နေမိသည်။ သူ့ဖုန်းကို ရိုက်ခွဲပစ်ရန်ပင် မစောင့်နိုင်ဝောာ့ပေ။
— အိုကေ... ငါ့ကိုမပြောခင် အရင်ထွက်သွားတယ်ပေါ့လေ။ ငါ့ကိုဒီလိုနည်းနဲ့ ရှောင်ချင်တယ်ပေါ့။ ငါကမင်းရဲ့သွေးကိုသောက်၊ အသားကိုစားမဲ့သူမို့လို့ ဒီလောက်ကြောက်နေတာလား။ ငါတို့ အဲဒါကိုလုပ်ပြီးတာတောင် တစ်ကယ်ငြင်းရဲသေးတယ်ပေါ့။ ဆွဲထားခွင့်လည်းမပေးဘူး။ ဘယ်ကိုသွားမယ်ဆိုတာလည်း မပြောဘူး။ ငါ့ကိုဘယ်တော့မှ ထပ်မတွေ့ဝောာ့ဖို့အထိ မင်းစိတ်ကိုပြင်ဆင်ထားခဲ့တာလား။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...