(Unicode)
Chapter (11.2) - လျစ်လျူရှုထားရန် ကြိုးစားနေသည့်တိုင်...
ဆောင်းရာသီအားလပ်ရက် နီးလာပြီဖြစ်သည်။ ချင်းလောင်သည် စာမေးပွဲတွင် ပထမရရန် ကျရှုံးနေဆဲဖြစ်သည်။ သို့သော် ယဲ့ချန်လည်းပထမ မရပါ။ ရသွားသူကဝောာ့ ချန်းကျစ်ယွီသာဖြစ်သည်။
ဖန်းမိသားစုသည် ချင်းမိသားစုအပေါ် ပြင်းပြင်းထန်ထန် ပစ်မှတ်ထားနေတာကြောင့် ချင်းလောင်လည်း ယဲ့ချန်နှင့် အပြင်ထွက်မလည်နိုင်အားပါ။
ချင်းမိသားစုလက်အောက်မှ စက်ရုံများသည် တစ်ခုပြီးတစ်ခု အားနည်းလာကာ အမှည့်ခြွေခြွေခံနေရပြီး ချင်းလုပ်ငန်းစုတစ်ခုလုံးကို တိမ်မည်းတွေ အုံ့ဆိုင်းနေလေသည်။ ဒါကြောင့်ဖေဖေချင်းနှင့် မေမေချင်းတို့သည် နေ့တိုင်းအိမ်ပြန်နောက်ကျကြသည်။
ချင်းလောင်သည် ဘယ်လောက်ပဲ ယဲ့ချန်နှင့် အချိန်ဖြုန်းချင်ပါစေ အခုတော့ မဖြစ်နိုင်ပေ။ စီးပွားရေးဆိုတာ တိုက်ပွဲမြေပြင်တစ်ခုနှင့်တူပြီး ချင်းမိသားစုနှင့် ဖန်းမိသားစုတို့သည် ရန်သူများ ဖြစ်နေကြလေပြီ။
ဒီတော့ နှစ်ဘက်ရန်သူရဲ့ သားတွေက ဘယ်လိုလုပ်ပြီး သာမန်လိုသူငယ်ချင်းတွေ ဖြစ်နိုင်ပါ့မလဲ။
အကယ်၍ ချင်းလောင်သာ တစ်နေကုန်တစ်နေခမ်း ယဲ့ချန်နှင့်ပျော်ရွှင်စွာ ရယ်မောနေလျှင် မိသားစုအပေါ်မသိတတ်သူ၊ နှလုံးသားမဲ့သူဟု ခေါ်ကြလိမ့်မည်။ ဟုတ်တယ်မလား။
ယဲ့ချန်လည်း ဒါကိုနားလည်သည်။ ဒါကြောင့် နှစ်ဦးသား၏ ဆက်ဆံရေးက ကိုးရိုးကားယားဖြစ်နေတော့သည်။ ဒါကို ဘယ်လိုကျော်ဖြတ်ရမည်ဆိုတာ သူမသိပါ။
ဒီတော့ သူ့အဖေကိုမေးကြည့်သည်။ သူ့အဖေက ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေတာမို့ ချင်းမိသားစုတစ်ခုလုံးကို ပစ်မှတ်ထားရာမှ ရပ်ပေးမှာမဟုတ်ဘူးဟု ပြန်ပြောလာသည်။
ဒီလိုမျိုးနဲ့ သူတစ်ကယ်ပဲ ချင်းလောင်နဲ့တဖြည်းဖြည်းဝေးသွားတော့မှာလား။--------
system သည် ဖရဲစေ့များကို အမြှောက်ဆံများလို ထွေးထုတ်ရင်း ပြောလိုက်သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...