(12.2)ချင်းမိသားစု လုံး၀ပြိုလဲသွားပြီ/ခ်င္းမိသားစု လုံး၀ၿပိဳလဲသြားၿပီ

238 42 14
                                    

(Unicode)

Chapter (12.2) ချင်းမိသားစု လုံး၀ပြိုလဲသွားပြီ

ယဲ့ချန်၏ ချင်းလောင်အပေါ် ကာကွယ်ပေးမှုကြောင့် အခြားအတန်းဖော်တွေကလည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြသည်။

ယဲ့ချန်ရှေ့မှာဆို ချင်းလောင်ကိုမလှောင်ပြောင်ရဲကြပေမဲ့ သူ့ဘေးမှာ ယဲ့ချန်မရှိလျှင်တော့ ကြမ်းတမ်းရိုင်းစိုင်းသည့် စကားလုံးများက သူ့ကိုပစ်ပေါက်ရန် ထွက်အံကျလာတတ်သည်။

သူကအကြီးဆုံးသခင်လေးရဲ့ ကစားစရာဖြစ်ချင်နေတာလား။ ချင်းမိသားစုရဲ့သားက ရန်သူမိသားစုရဲ့သားဆီမှာ အမြီးနှံ့ပြနေတာလား။

ဒီလိုစကားလုံးတွေထက် ပိုဆိုးတာက 'ဖေဖေချင်းက တောင့်မခံနိုင်တော့တာကြောင့် သူ့သားကိုထိုးကျွေးလိုက်ပြီး အကြီးဆုံးသခင်လေးရဲ့ အိပ်ယာပေါ် တွယ်တက်ခိုင်းတယ်။ ဒါက ဖန်းမိသားစုအနေမဲ့ သူတို့ကိုလွှတ်ပေးနိုင်မည့် နည်းလမ်းတစ်ခုပဲ' ဆိုတာမျိုးဖြစ်သည်။

လူချမ်းသာအများစုက ဒီလို အခြေအနေထဲမှာ ရှင်သန်နေထိုင်ကြပေမဲ့ အထက်တန်းကျောင်းသားတစ်စုရဲ့ ပါးစပ်ကနေ ထွက်ကျလာချိန်မှာတော့ ဒီအသံတွေက နားကိုညစ်ညမ်းစေသည်။

သူရုတ်တရက်ပင် သူ့ငယ်ဘ၀ကို သတိရသွားသည်။ သူ့အသက် ၁၈ နှစ်တုန်းက အလယ်မှာတက်ရမည့် အတန်းပေါင်းများစွာကို ကျော်ခွသွားနိုင်ခဲ့ပြီး ကောလိပ်ပင် တက်လို့ပြီးခဲ့သည်။

သူနှင့်သက်တူရွယ်တူတွေထဲမှာ စက္ကူနှင့်ရွှေလို၊ ဝိုင်ကန်နှင့် အသားတွေပြည့်နေသော တောအုပ်တွေကို ပိုင်ဆိုင်ထားသလို သူတို့ဘ၀ကို ဇိမ်ရှိရှိခံစားနေကြသည်။

— အခု သူ့ကိုယ်သူပြန်စဉ်းစားကြည့်ရင် သူအရမ်းပညာရှိခဲ့တာပါလားနော်။ သူကငယ်စဉ်ကတည်းက အေးစက်ဟန် ဆောင်တတ်စေဖို့ သင်ယူခဲ့ရတယ်လေ။

မဟုတ်ပါက သူ့ရဲ့ကျောင်းတက်ရက်တွေဟာ စိတ်မချမ်းသာစရာကောင်းပေလိမ့်မည်။ လူတစ်ယောက်ဟာ အလုပ်ချည်းပဲ ဖိလုပ်ဖို့မကြိုးစားခင် ဘ၀ကိုဘယ်လိုပျော်ရွှင်အောင် ဖြတ်သန်းရမလဲဆိုတာ သင်ယူရန်လိုအပ်သည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now