(Unicode)
Chapter (17.2)–yandere boss ကြီး Jelly နင်ပြီ
နောက်တစ်နေ့တွင် ချင်းလောင်သည် အနမ်းတစ်ပွင့်ကြောင့် နိုးလာလေသည်။
ချင်းလောင်သည် သူ့မျက်နှာနှင့် အလွန်နီးကပ်နေသော မျက်နှာကို ငေးကြောင်ကြောင် ကြည့်နေမိသည်။
"Good morning ပါ ငါ့ကောင်လေး..."
အဲဒီ့နောက်...
သုံးရက်မြောက်နေ့...
လေးရက်မြောက်နေ့....ဒီလိုနဲ့ပဲ... မနက်တိုင်း အနမ်းဖြင့် အနှိုးခံရလေသည်။
ယဲ့ချန်ရဲ့ပုံစံကိုကြည့်ရတာ သူအိပ်ပျော်သွားသည်နှင့် အိပ်ရာဆီအပြေးရောက်လာကာ သူ့ကိုလက်မောင်းထဲထည့်ပြီး အိပ်စက်ပုံရသည်။
ချင်းလောင်အနေဖြင့် ဒီခံစားချက်ကို ရှင်းမပြတတ်ပေ။ အနေအထားက သူတို့တစ်ကယ် တွဲနေကြသည်နှင့်တူသည်။
သူ့အတွက်တော့ နှလုံးသားထဲက သဘောကျပြီး ချိုမြိန်နေပေမဲ့ တစ်ချို့သောအကြောင်းပြချက်တွေကြောင့် သူတို့ဒီလိုလုပ်နေတာက အန္တရာယ်ရှိတယ်ဆိုတာလည်း သိနေသည်။ ဒါကြောင့် သူယဲ့ချန်ကို လက်မခံနိုင်ပေ။
ယဲ့ချန်ရဲ့ ငြင်သာတဲ့အပြုအမူတွေအောက် နစ်မြုပ်လာတိုင်း နွံအိုင်ထဲ နစ်မြုပ်နေပြီလို့ သူ့ကိုယ်သူ သတိပေးရသည်။
သူပိုပြီးနစ်မြုပ်လေလေ သူပိုပြီး ခံစားရလေလေဖြစ်မှာပင်။ ဒါကြောင့် သူဒီနွံအိုင်ထဲကရုန်းထွက်ကာ အဝေးမှာနေရမည်။
---------
နာကျင်ဖွယ်ရာ စစ်ရေးလေ့ကျင့်မှုတွေက နောက်ဆုံးတော့ပြီးသွားလေပြီ။
နောက်ဆုံးညမှာတော့ များစွာသောအတန်းများထဲမှ လူသစ်ကလေးများသည် သူတို့၏နည်းပြများနှင့်အတူ အားကစားကွင်း၏ မြက်ခင်းပြင်၌ထိုင်ကာ ဘ၀အကြောင်း ဆွေးနွေးကြလေသည်။
ချင်းလောင်နှင့် သူ့အတန်းဖော်များအတွက်လည်း ချွင်းချက်မဟုတ်ပေ။ စစ်ရေးလေ့ကျင့်မှုက ခက်ခဲပေမဲ့ ပျော်ရွှင်ရသည်။
မိန်းကလေးများသည် သူမတို့၏ ကြီးမားသော လေ့ကျင့်ရေးဝတ်စုံများကို ပေါ့ပါးသော၀တ်စုံများ၊ အတိုအပြတ်လေးများဖြင့် လဲလိုက်ကြပြီး မိတ်ကပ်ပါးပါးလေးတွေပါ လိမ်းလာကြသည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...