[Unicode]
Chapter (6.1) - နောက်ဆုံးစာမေးပွဲတုန်းက ငါကနံပါတ်တစ်ပဲ
ယဲ့ချန်ဘာမှမပြောဘဲ ချင်းလောင်ကိုသာ စိုက်ကြည့်နေသည်။ ချင်းလောင်သည် အခုအချိန်မှာ ယဲ့ချန်နှင့် စကားပြောရတာ သိပ်မခက်ခဲဘူးဟု ယူဆမိတာကြောင့် ကရားရေလွှတ် တတွတ်တွတ်ပြောတော့သည်။
"တစ်ကယ်တော့... ငါမင်းကိုစသိခဲ့တုန်းက ဘာမှမခံစားရပါဘူး။ အဆင့်တွေကောင်းပြီး ကြည့်ကောင်းတော့ နည်းနည်းမနာလိုဖြစ်မိရုံလေးပဲ။ မင်းဘေးမှာထိုင်ရတာ ငါ့ကို... ငါ့ကို နည်းနည်းရှက်ဖို့ကောင်းစေတယ်လို့ ခံစားမိတယ်။ မျက်လုံးထဲမှာ မင်းကိုသိပ်ကြည့်မရပေမဲ့ ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးမျိုးတော့ မရှိခဲ့ပါဘူး။ နောက်တော့ မင်းသိတဲ့အတိုင်း... ငါ ဟန်ဟန့်ကိုသဘောကျသွားခဲ့တယ်လေ"
ထိုအချိန်မှာ စားပွဲထိုးသည် မှာယူထားသော steak နှစ်ပွဲကို လာချပေးသည်။ ချင်းလောင်လည်း သူ့မျက်စိရှေ့က steak ကို ခက်ရင်းတစ်ခုဖြင့် ထိုးဆွနေမိကာ ယဲ့ချန်ကိုတော့ မျက်နှာချင်းမဆိုင်ရဲပါချေ။
"သူမက အတန်းသားတွေအကုန်လုံးကို ပုံမှန်ပဲဆက်ဆံပေမဲ့ မင်းကိုကျတော့မတူဘူးလေ။ ငါမနာလိုတာကြောင့် မင်းကိုဆိုးဆိုးရွားရွားဆက်ဆံမိခဲ့တယ်"
ချင်းလောင်သည် ခက်ရင်းဖြင့်ထိုးဆွနေခြင်းကိုရပ်လိုက်ပြီး သူ့ကိုယ်သူလှောင်ရယ်ကာ ယဲ့ချန်၏ မျက်၀န်းနက်များကို အားတင်းပြီးကြည့်လိုက်သည်။
"အခုတော့ ငါက တစ်ကယ့်ကို မကောင်းတဲ့ကောင်ဆိုတာ သိသွားပါပြီ။ ငါမင်းကို ဘယ်လောက်ပဲပြဿနာရှာခဲ့ပါစေ ငါ့ကိုမုန်းနေတဲ့သူတွေဆီက အကြည့်ကိုတော့ ဘယ်တော့မှပြင်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဒေါသတွေကို မင်းဆီမှာ စိတ်ထွက်ပေါက်ရှာခဲ့မိတယ်။ တစ်ကယ်တော့ မင်းဘာအမှားမှမလုပ်ခဲ့ပါဘူး။ ငါ့ဘေးမှာထိုင်မိလို့ ကံမကောင်းခဲ့ရုံပါ။ ငါသဘောကျတဲ့မိန်းကလေးဆီက အရေးပေးခံရလို့ ကံဆိုးခဲ့ရုံပါ။ တစ်ကယ်တမ်း မှားနေခဲ့တဲ့သူက ငါပါ။ အဲဒါကြောင့် ငါမင်းကိုတောင်းပန်ပါတယ်။ ငါတစ်ကယ်စိတ်မကောင်းပါဘူး"
KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...