241 47 16
[Unicode]
Chapter (7.2) - ငါ့မွေးနေ့ကို မင်းနဲ့အတူ ကုန်ဆုံးချင်လို့ပါ
ထိုနေ့မှစ၍ ချင်းလောင်မရပ်တန့်တော့ပေ။ နေ့တိုင်း ယဲ့ချန်နှင့် နေ့လည်စာပန်းကန်ကို လဲကာစားလေတော့သည်။
အတူစားရင်း စားရင်း နောက်ပိုင်း၌ ချင်းလောင်သည် ယဲ့ချန်က ကြက်ပေါင်မကြိုက်သော်လည်း ကြက်တောင်ပံကိုတော့ကြိုက်ကြောင်း သိလာသည်။
နံရိုးကိုစားချိန်၌ အရိုးမှခွာလို့ရသော အသားကိုသာစားပြီး မရတဲ့ဟာဆို မရအရခွာမနေတတ်ကြောင်းကိုလည်း သိလာရသည်။
ခရမ်းချဉ်သီးကြက်ဥမွှေကြော်ဆိုလျှင် ကြက်ဥကိုသာစားသည်။ ငါးဟင်းဆိုလျှင်လည်း အရေခွံကိုမစားဘဲ ငါးဗိုက်သားကိုသာစားသည်။
ပုဇွန်ဖက်ထုပ်စားလျှင် အထဲကအစာတွေကိုမစားပေ။ ချင်းလောင်သည် ယဲ့ချန်က 'ဆင်းရဲသားကျောင်းသားလေး' နှင့်မတူဘဲ 'အစားရွေးသည့်ဦးလေးကြီး' ဟုပင် ခံစားမိလေသည်။
ယဲ့ချန်လည်း ချင်းလောင်ဟာ ဂေါ်ဖီမကြိုက်ပေမဲ့ မှိုကိုတော့ကြိုက်ကြောင်း တွေ့ရှိလာရသည်။ သူဟာ အသားကိုလည်း သိပ်မကြိုက်လှပေ။
သူ့အရံဟင်းတွေကတော့ ပိန်းဥအနည်းငယ်၊ ဆောင်းမျှစ်နှင့် အားလူးခြစ်တို့လိုဟာတွေသာဖြစ်သည်။ သူဟာ အဲဒါတွေကို မကြာခဏစားသော်လည်း ရိုးသွားပုံမရပေ။
သူသည် တောင်တန်းများနှင့် ပင်လယ်ပြင်ကရသော အရသာရှိသည့် အစားအသောက်များစားကာ ကြီးပြင်းလာသည့် သခင်ငယ်လေးနှင့် မတူပါချေ။
ဒါမှမဟုတ် အ၀လွန်ခြင်းက သူ့နှလုံးသားထဲတွင် စွဲထင်နေသော အရိပ်မည်းကြီးဖြစ်တာကြောင့် အလွယ်တကူ၀စေသည့် အစားအသောက်တွေကိုထိရမှာ တွန့်ဆုတ်နေတာလည်း ဖြစ်နိုင်ပါသည်။
အဲဒီ့နောက်ပိုင်း ဒီလိုထူးဆန်းသည့် ဖြစ်ရပ်ဆန်းကြီးကို cafeteria တွင် နေ့တိုင်း တွေ့မြင်နိုင်လေသည်။
အတန်းဖော်ကောင်ချောလေးနှစ်ယောက်အနက် တစ်ယောက်သည် အသားတွေချည်း ထည့်လာတတ်ပြီး ကျန်တစ်ယောက်မူ အသီးအရွက်တွေချည်း တစ်ဒါဇင်လောက်ထည့်လာကာ အတူတူထိုင်ပြီးနောက် တစ်ဘက်လူဆီ သူတို့ပန်းကန်ကို တွန်းပို့ပေးကြလေသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now