(Unicode)
Chapter (25.2)–ငါ့သား မင်းနောင်တမရဖို့ မျှော်လင့်တယ်။
ယခုက ဆောင်းဦးရာသီဖြစ်တာကြောင့် ရာသီဥတုက တဖြည်းဖြည်းအေးလာပြီဖြစ်သည်။
ချင်းလောင်သည် မထင်မရှားဖြစ်နေသော ထိုအမှတ်များအား ဖုံးကွယ်နိုင်ရန်အတွက် ကော်လာပါသောဆွယ်တာတစ်ထည်ကို ၀တ်ဆင်ထားသည်။
သူဟိုတယ်မှထွက်လာချိန်၌ နေ့လည်ပင်ရောက်နေလေပြီ။ ဟိုတယ်ရှေ့တွင်ရပ်နေရင်း ဘယ်နေရာကို သွားရမှန်းမသိဘဲ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေသော မြို့ကိုသာ ခဏလောက် ကြောင်ငေးကြည့်နေမိသည်။
— သူ့မှာ ယန်ဟန်ကလွဲပြီး တခြားလုပ်စရာအလုပ် မရှိဝောာ့တာလား...။ သူတို့ကကွာရှင်းပြီးပြီမလား။ အခုကစပြီး သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ် ဖြစ်သွားပြီလေ။
ချင်းလောင်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး အလွန်အေးစက်ပြင်းထန်သော ဆောင်းဦးလေများအား သူ့ကိုတည်ငြိမ်သွားစေရန် လုပ်ဆောင်ခွင့်ပြုလိုက်သည်။
ထို့နောက် ဟိုတယ်၀န်ထမ်းလေး သူ့ကားကိုယူလာပေးတာစောင့်နေပြီးနောက် ဘောက်ဆူးတစ်ချို့ပေးလိုက်သည်။
ထိုလူငယ်လေးက ရိုကျိုးကိုင်းညွှတ်စွာဖြင့် သူ့ကိုဦးညွှတ်ပြီး အပြုံးတစ်ပွင့်ပေးလာသည်။
ချင်းလောင်သည် အစ်ကိုဖြစ်သူ၏ ကုမ္ပဏီဆီ မောင်းသွားလိုက်သည်။ အခုအချိန်မှာ သူ့အစ်ကိုကသာ သူ့အတွက် အယုံကြည်ရဆုံးသူဖြစ်ပေသည်။
"တစ်ကယ်ကွာရှင်းလိုက်ပြီပေါ့"
ဒီသတင်းကိုကြားချိန်မှာ ချင်းဖုန်းတစ်ယောက် မယုံကြည်နိုင်သေးပေ။ ဒီတော့ တခြားသက်သေတွေ ထပ်ရှာသည်။
"အင်း..."
ချင်းလောင်က တိုးသဲ့သောလေသံဖြင့် ပြန်ဖြေသည်။
"အစ်ကိုကြီး ကျွန်တော့်ကို တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်ရှိမဲ့ နေရာတစ်ခုလောက် ရှာပေးပါလား"
"အိမ်ကိုမပြန်တော့ဘူးလား။ အဖေနဲ့အမေက။ မင်းကိုလွမ်းနေကြတာလေ"
CZYTASZ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomansDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...