(Unicode)
Chapter (42.2)–လေးဖင့်နေဖို့မဝံ့ရဲပါလေ
— သေစမ်းကွာ...
ယန်ဟန်သည် ဒီအခိုက်အတန့်တွင် အလွန်နာကျင်စွာ ခံစားနေရသည်။ သူ့လက်တွေကို တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်တွေအဖြစ် ပြောင်းလဲလိုက်ပြီး စတီယာရင်ကို ပစ်ထိုးလိုက်သည်။
— သူဘာလုပ်သင့်လဲ။ သွားလာနေကြတဲ့ ကားတွေက အများကြီးပဲ။ ချင်းဖုန်းပြောတဲ့ ကားရဲ့ မော်ဒယ်နဲ့ အမှတ်တံဆိပ်က အရမ်းသာမန်ဖြစ်နေတော့ ဘယ်ကိုသွားခဲ့လဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ။ သူဘာဆက်လုပ်ရမလဲ။
ချင်းဖုန်းကတော့ ရဲတပ်ဖွဲ့ကိုဖုန်းဆက်ပြီးနောက် ထောက်လှမ်းရေးကနေ စုံစမ်းသိရှိပြီး နောက်ထပ်လူတွေကို စေလွှတ်နိုင်ဖို့ ရဲတွေကို စောင့်ဆိုင်းနေခဲ့သည်။
အဲဒါက ဘယ်လောက်လောက် ကြာနိုင်လဲ။ ချင်းလောင်ကို ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ။ ဘာရည်ရွယ်ချက်အတွက်လဲ။ အခုလိုအချိန်တွင် လူမဆန်စွာ စော်ကားခံရနိုင်သလား။
ချင်းလောင်အရင်ကလည်း တစ်ခါပြန်ပေးဆွဲခံရဖူးသည်။ နောက်တစ်ခါထပ်ဖြစ်လာတော့ အဆုံးမဲ့သော အမှောင်ထုနှင့် ကြောက်ရွံ့မှုတွေကြား ဘယ်လောက်တောင် ၀မ်းနည်းအားငယ်ပြီး ထင်ရာစိုင်းချင်နေမလဲ။
ဒီအကြောင်းတွေးပြီးနောက် အအေးဓာတ်က ယန်ဟန့်တစ်ကိုယ်လုံး ပျံ့နှံ့သွားရသည်။
သူဆန္ဒရှိသည်။ ချင်းလောင်ကို ပြန်ပေးဆွဲခဲ့သည့်လူကို အပိုင်းပိုင်းအစစဖြစ်အောင် သူလုပ်ပစ်မည်။
မိနစ်နှစ်ဆယ်ဆိုတာ ယန်ဟန်အတွက် သူမွေးဖွားလာချိန်ကစလို့ ယခုအချိန်အတွင်း အရှည်ကြာဆုံးနှင့် စိတ်အမှောင်အဖုံးဆုံးကာလတိုလေးဖြစ်သည်။
ကောင်းကင်ဘုံကလည်း သူ့ရဲ့နောင်တတရားနှင့် အဆုံးမဲ့သော အကြောက်တရားကို မြင်တွေ့ပုံပေါ်သည်။
သူ့ရဲ့ဖုန်းထဲက APP ပေါ်၌ အနီရောင်အလင်းစက်လေး တဖန်ပြန်ပေါ်လာပြီး အခုအချိန်မှာ ဒါကသာ သူ့ရဲ့ မျှော်လင့်ချက်လေးဖြစ်လာခဲ့သည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...