Arc 2 - Film Emperor ex-husband is a scheming bitch(22.1)

289 38 8
                                    

(Unicode)

Arc 2 - Film Emperor ex-husband is a scheming bitch

(ခင်ပွန်းသည်ဟောင်း ရုပ်ရှင်ဧကရာဇ်က အကြံသမားခွေးကောင်)

Chapter (22.1)–ခံစားချက်တွေက အတုအယောင်မဟုတ်

ချင်းလောင်သည် ringtone သံကြောင့် နိုးလာခဲ့သည်။ မျက်စိနှစ်လုံးကို ဖွင့်ကြည့်လိုက်တော့ သူရောက်နေသည်က မရင်းနှီးသော နေရာစိမ်းတစ်ခုမှာ။

ဖုန်းကလည်းပဲ သူကိုင်နေကျဟာမဟုတ်။ screen ပေါ်မှာ ပေါ်နေတဲ့ 'အမေ' ဆိုတဲ့စကားလုံးကိုကြည့်ပြီး ဖြေဆိုရန် လက်ခံလိုက်သည်။

"ရှောင်လောင်... အိပ်နေတုန်းလား သားလေး"

အမျိုးသမီး၏အသံက နူးညံ့သိမ်မွေ့နေသည်။ ဒါကြောင့် သူမက အထက်တန်းဆန်ပြီး ကြော့ရှင်းရည်မွန်သည့် ဟန်ပန်မျိုးရှိကြောင်း ခန့်မှန်းမိရန် မခက်ခဲလှပေ။

"အမ်.... အမေ... တစ်ခုခုဖြစ်လို့လား"

ချင်းလောင်တစ်ယောက် သူ့ဆံပင်ကို နှစ်ခါလောက် ဆွဲဖွလိုက်သည်။ အရင်ကမ္ဘာတုန်းက သူ့အသံသူ ကြားနေကျမို့ အခုလိုမျိုး ရုတ်တရက်ကြီး လူငယ်လေးတစ်ယောက်၏ အသံကိုပြောင်းသွားသည့်အခါ နားထောင်ရတာ ထူးဆန်းနေလေသည်။

"နောက်အပတ်ကျ ဟန်ယန်(Han Yan) မြို့တော် C ကို ပြန်လာတော့မယ်။ သူက အကောင်းဆုံးဇာတ်ဆောင်ဆု XX Award အတွက် ဆန်ခါတင် အမည်စာရင်းမှာ ပါခဲ့တယ်လေ။ အဲဒီ့အချိန်ကျရင် အမေသူ့ကိုပြန်ခေါ်ခဲ့မယ်။ ရှောင်လောင်... သားကောင်းကောင်းပြင်ဆင်ထားဖို့ လိုတယ်နော်"

electronic device ကိုဖြတ်သန်းလာသည့် အမျိုးသမီး၏အသံသည် သူမ၏သားနှင့် ချွေးမတို့၏ အိမ်ထောင်ရေးအခြေအနေအပေါ် စိတ်မကောင်းဖြစ်နေပုံရသည်။

"ကျေးဇူးတင်ပါတယ်အမေ... ကျွန်တော် ပြင်ဆင်ထားလိုက်ပါ့မယ်။ အမေလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော်"

ချင်း လောင်၏အသံသည် ကျေးဇူးတင်ခြင်းတို့ကို ဖော်ပြနေသော်လည်း သေသေချာချာနားထောင်ကြည့်ပါက အင်အားမဲ့နေကြောင်း ရှာတွေ့ရန် မခက်ခဲပါချေ။

ဖုန်းချပြီးနောက် ချင်းလောင်တစ်ယောက် အိပ်ရာပေါ် ပစ်လှဲလိုက်သည်။ သူ... အတန်းဖော်ရှောင်ယဲ့ကို နည်းနည်းလေး လွမ်းဆွတ်မိသည်။ ဒီတော့ သူ system ကို မေးလိုက်သည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now