(20.1)မင်းကငါ့ဘုရင်မဖြစ်လာလိမ့်မယ်/မင္းကငါ့ဘုရင္မျဖစ္လာလိမ့္မယ္

208 41 6
                                    

(Unicode)

Chapter (20.1)–မင်းကငါ့ဘုရင်မဖြစ်လာလိမ့်မယ်

ယွီဖန်းနှာမှုတ်ကာ နှစ်ယောက်လုံးအတွက် ပန်းသီးခွဲပေးသည်။ သူတို့လည်း ကမ်းပေးသော ပန်းသီးစိတ်လေးများကို ယူလိုက်ပြီး သူမဆက်ပြောတာကို နားထောင်လိုက်ကြသည်။

"ကလေး... မင်းရဲ့လိမ်ညာတဲ့စကေးက အရမ်းဆိုးတယ်။ အသံအက်ကွဲလောက်တဲ့အထိ သီချင်းလေ့ကျင့်ခဲ့တယ်ပေါ့လေ။ ဟမ့်... သားပြန်လာတဲ့အချိန်တုန်းက လည်ပင်းပေါ်မှာ အမှတ်တွေ ပါလာတယ်။ ပြီးတော့ လမ်းလျှောက်တဲ့ပုံစံ ထူးဆန်းနေတယ်။ မီးဖိုခန်းထဲကနေ အမေမမြင်နိုင်ဘူး ထင်နေလား။ ညလယ်ကြီး အိပ်မပျော်နိုင်ဘဲ ဖုန်းကိုပဲကြည့်ပြီး ငိုနေတာလည်း အမေသိတယ်။ နောက်တစ်နေ့ လေဆိပ်မှာလည်း သားပုံစံက ရှင်လျက်နဲ့သေနေသလိုကြီးလေ"

"....…"

ပန်းသီး၀ါး‌နေသည့်ချင်းလောင် တိတ်ဆိတ်သွားရသည်။ တစ်ကယ်ဝောာ့... သူဒီလိုပြောပြချင်သည်။

— ညလယ်ကြီး သူမငိုခဲ့ပါဘူး။ ၀တ္တုတွေဖတ်ပြီး ရယ်နေတာပါ။ ဒါပေမဲ့ တံခါး၀ကို ကျောပေးထားပြီးရယ်နေတာဆိုတော့ တုန်နေတာက ငိုရှိုက်နေတာနဲ့ တူသွားယုံလေးပါလို့...။

ယဲ့ချန်သည် ခေါင်းစောင်းကာ ချင်းလောင်ကို စိတ်ထိခိုက်ဟန်ဖြင့် ကြည့်သည်။ သူ့အတွေးတွေကလည်း ဒီလိုထွက်ပေါ်လာသည်။

— အဲဒီ့နေ့က သူ၀မ်းနည်းနေတဲ့ပုံစံနဲ့ အိမ်ပြန်သွားခဲ့တယ်။ ညလယ်ကြီး ဖုန်းကြည့်နေတယ်ဆိုတာကလည်း သူ... သူ့ဆီပို့ခဲ့တဲ့ မက်ဆေ့ကြောင့်ပဲ...။ ဟုတ်တယ်မလား။

ယွီဖန်းသည် ချင်းလောင်ကို မကျေမချမ်းကြည့်လိုက်သည်။

"ဒီကလေးကတော့... အမေက သားရဲ့အမေပါ... ဘာကိစ္စပဲရှိရှိ အမေ့ကိုတောင် မပြောပြနိုင်ဘူးလား။ သား အဲဒီ့လိုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး အမေဘယ်လောက်နာကျင်ရလဲဆိုတာ သိရဲ့လား"

ချင်းလောင်သည် အလျှင်အမြန်ပင် သူမကိုသွားဖက်ကာ ချွဲလိုက်သည်။

"အမေ... တစ်ကယ်တော့လေ... ကျွန်တော် ဒီနေ့ ယဲ့ချန်ကိုခေါ်လာတာ အမေနဲ့ သေချာလေးတွေ့ပေးချင်လို့ပါ။ ကျွန်တော် သူ့ကိုတစ်ကယ်သဘောကျတယ်။ အမေ သားတို့ကို မခွဲလောက်ဘူးလို့ မျှော်လင့်တယ်လေနော်..."

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now