(Unicode)
Chapter (17.1)–မင်းရဲ့ခန္ဓာကိုယ်ကမှ ပိုပြီးရိုးသားသေး
တစ်ကယ်တော့ ချင်းလောင်အတွက် စစ်ရေးလေ့ကျင့်ရသည့်ရက်တွေက မခက်ခဲပေ။
ဟိုအရင် သူဝိတ်ချတုန်းကလည်း နေ့တိုင်းသူ့ကိုယ်သူ ဒီလိုညှဥ်းပမ်းခဲ့ဖူးသည်။ အဲဒီ့တုန်းက ဒီလိုနေပူပူထဲမှာ မဟုတ်သလို ချွေးတွေမိုးရွာသလိုလည်း မကျခဲ့ပေ။
စစ်ရေးလေ့ကျင့်မှုမှာလည်း ချင်းလောင်တစ်ယောက် ယဲ့ချန်နှင့် တစ်ခန်းတည်းကျပြန်သေးသည်။ ကျောင်းဆေးခန်းတွင် ရင်းနှီးခဲ့သည့် ရှောင်အိုက်နှင့်လည်း အတူတူပင်။
အချိန်တိုလေးအတွင်းမှာပဲ သူ့ရဲ့အတန်းဖော်များနှင့် ရင်းနှီးသွားခဲ့သည်။
"ဟေး... ချင်းလောင်... မင်းအသားတွေ အရေခွံလန်နေတယ်"
ရေဘူးကိုင်လာသောရှောင်အိုက်က ချင်းလောင်၏နောက်မှ ဖြတ်သွားရင်းဆိုသည်။
"အိုး... လည်ပင်းပေါ်မှာရော... အများကြီးပဲ။ မင်းအသားအရည်က ဒီလောက်တောင်နုတာလား။ မိန်းကလေးတွေတောင် မင်းလောက်မဆိုးကြဘူး"
"တစ်ကယ်လား..."
ချင်းလောင်သည် သူ့ကုပ်ပိုးကို လှမ်းထိဖို့ ကြံရင်းပြောလိုက်သည်။ သို့သော် သူ့လက် မထိမိခင်မှာပဲ အဖမ်းခံလိုက်ရသည်။
"မထိနဲ့... ပိုး၀င်သွားလိမ့်မယ်"
ယဲ့ချန်သည် ချင်းလောင်၏လက်ကို ဖမ်းဆွဲလိုက်ပြီး wet towel တစ်ထုပ်ကိုဖွင့်၍ ချင်းလောင်၏ကုပ်ပိုးပေါ် ကပ်ပေးသည်။
"ကပ်ထားလိုက်... ခဏနေရင် ကောင်းသွားလိမ့်မယ်"
"အိုး..."
ချင်းလောင် မလှုပ်ပါချေ။ မျက်လုံးတွေက မြေပြင်ပေါ်က မြက်ပင်လေးတွေကို စိုက်ကြည့်နေပုံရသော်လည်း တစ်ကယ်တမ်း ခေါင်းမော့ကာ ရေသောက်နေသော ယဲ့ချန်ကို တိတ်တိတ်လေး ခိုးကြည့်နေတာဖြစ်သည်။
စစ်လေ့ကျင့်ရေး၀တ်စုံကို ၀တ်ဆင်ထားသည့် ယဲ့ချန်သည် ရင့်ကျက်နေပုံပေါ်သည်။
ကြံ့ခိုင်သန်မာသော အသွင်အပြင်၌ ချွေးများထွက်နေပုံက အလွန်ပင် sexy ကျနေတော့သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
STAI LEGGENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Storie d'amoreDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...