(Unicode)
Chapter (28.2)–ပိုင်ယွဲ့ပြန်လာပြီ
ချင်းလောင်ရဲ့လေသံကိုကြားတော့ သူပြဿနာရှာဖို့ ထပ်လုပ်နေပြန်ပြီဆိုတာ system လေးသိလိုက်သည်။
"မင်းဘာလုပ်မလို့လဲ"
ချင်းလောင်ရယ်မောသည်။
"မင်းပြောကြည့်လေ... လွန်ခဲ့တဲ့ငါးနှစ်က ယန်ဟန်နဲ့သူ့လရောင်ဖြူလေးရဲ့ ဆက်ဆံရေးကို ငါရက်ရက်စက်စက်ဖျက်ဆီးခဲ့တယ်။ အခု ရုတ်တရက်ကြီး လွန်ခဲ့တဲ့ငါးနှစ်က ပျောက်သွားတဲ့ လရောင်ဖြူလေးကို ပြန်တွေ့လိုက်ရမယ်ဆိုရင် ငါ့ရဲ့တုံ့ပြန်မှုက ဘယ်လိုပုံစံဖြစ်သင့်လဲ"
System: "....."
"ဖြစ်နိုင်တာကတော့ အံ့အားသင့်နေတဲ့ တုံ့ပြန်မှုပေါ့ ဟုတ်တယ်မလား"
ဒီအကြောင်းအရာကို ဆက်ပြောမည့်အစား သူမေးလိုက်သည်။
"လရောင်ဖြူလေး တစ်ကယ်သေသွားတာလား၊ မသေသေးဘူးလားဆိုတာ မင်းသိလား"
system လေးမဖြေနိုင်ပေ။
"မင်းတောင်မသိတာ ငါကဘယ်လိုလုပ်သိမှာလဲ"
"....."
ချင်းလောင် လက်ခါပြလိုက်တော့သည်။
"မေ့လိုက်တော့... ငါ့ဘာသာပဲ ခန့်မှန်းတော့မယ်။ ငါ့ရဲ့နူးညံ့ပြီး ကြင်နာတတ်တဲ့ စရိုက်အရ ငါယန်ဟန့်ကိုသဘောကျပြီး လက်ထပ်ချင်နေမှန်း ငါ့အစ်ကိုကြီး သတိထားမိမှာပဲ။ ယန်ဟန်နဲ့ သူ့လရောင်ဖြူလေးအကြောင်းလည်း သေချာပေါက် သိနေလိမ့်မယ်။
ဒါပေမဲ့ ငါ့လက်ထပ်ပွဲကိုလည်း ပစ်ပစ်ခါခါကြီး မငြင်းဆန်ရက်ဘူး။ ဒီတော့ လက်ထပ်ပွဲကျင်းပနေတဲ့အချိန်အတွင်း လရောင်ဖြူလေး လာဖျက်ဆီးမှာမျိုး မဖြစ်အောင် စောင့်ကြည့်နေလိမ့်မယ်။ ဒါပေမဲ့ မမျှော်လင့်ထားတာက လရောင်ဖြူလေး သူ့ကိုယ်သူ သတ်သေသွားတာပဲ။
သူ့ညီလေးအတွက် အမြဲတွေးပေးတတ်တဲ့ ချင်းဖုန်းအနေနဲ့ သူ့ညီလေးရဲ့စရိုက်နဲ့ပတ်သတ်လာရင် လုံး၀အတွင်းသိ အဆင်းသိပဲလေ။ သူတို့လက်ထပ်လိုက်လို့ လရောင်ဖြူလေးသတ်သေသွားတယ်ဆိုတာ သူ့ညီလေးသိသွားရင် အပြစ်ရှိစိတ်နဲ့ နာကျင်နေလိမ့်မယ်ဆိုတာ သူသေချာသိနေတယ်။

ВЫ ЧИТАЕТЕ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Любовные романыDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...