(Unicode)
Chapter (27.2)–နှလုံးသားထဲထိန်းချုပ်ခဲ့လေသမျှ
ကျင်းယွီသည် မန်နေဂျာကိုအရင် နှုတ်ဆက်လိုက်သည်။ မန်နေဂျာလည်း စန္ဒယားပေါ်မှာတင်ထားသည့် သေတ္တာလေးကို နှိပ်လိုက်ရာ 'ဒင်...' ဟူသောအသံက စားသောက်ဆိုင်ထဲ ပျံ့လွင့်လာသည်။
ဒါက စားသောက်ဆိုင်ရဲ့ စည်းမျဉ်းဟောင်းဖြစ်တာကြောင့် ပြောစရာမလိုလောက်အောင်ပင် စားသုံးသူဟောင်းတွေက တစ်ယောက်ယောက်ဖျော်ဖြေတော့မည်ဆိုတာ သိလိုက်ကြသည်။
လက်ခုပ်သံတွေက ဘားတွေမှာ ဖျော်ဖြေသူတွေကို အားပေးသလိုမျိုး အရမ်းမကျယ်လောင်ပေမဲ့လည်း ဧည့်သည်တွေကတော့ စိတ်၀င်တစားရှိနေဆဲဖြစ်ကာ အော်ဟစ်ဆူပူတာမျိုးလည်း မရှိပေ။
"ဘာဖြစ်တာလဲ"
ယန်ဟန်ခေါင်းမော့လိုက်ပြီး တခြားဧည့်သည်များ၏ အကြည့်လားရာအတိုင်း ဆိုင်၏အလယ်ကိုကြည့်လိုက်သည်။ အဲဒြီနောကိ သူ၏မျက်ဆံတို့ ကြုံ့သွားပြီး အကြည့်မလွှဲနိုင်တော့ပါချေ။
သူနှင့်မျက်နှာချင်းဆိုင်မှ အမျိုးသမီးက သူ့ကိုပြုံးကာပြောလာသည်။
"ဒါက ဆိုင်ရဲ့စည်းမျဉ်းဟောင်းလေ။ ညတိုင်း ပထမဆုံးဖျော်ဖြေသူက သူဌေးဆီက လက်ဆောင်ရနိုင်တယ်"
ယန်ဟန့်မျက်လုံးများ နက်မှောင်သွားလေပြီ။ သူ့အကြည့်ကို လူငယ်လေးရဲ့ ပိန်ပါးတဲ့ နောက်ကျောပြင်လေးကနေ သူ့ဘေးမှာရပ်နေသေးသောလူဆီ ပို့လိုက်သည်။
ထိုလူက ကီးတွေစမ်းရန်အကြောင်းပြက ကောင်ငယ်လေးနှင့် နီးကပ်စွာရပ်နေလေသည်။ ပြီးတော့ သူ့အမူအရာတွေကလဘ်း ကောင်ငယ်လေးကို သဘောကျနေကြောင်း ဖုံးကွယ်ထားခြင်းမရှိဘဲ သဘာ၀အလျောက်ပြသနေလေသည်။
ကောင်ငယ်လေး ခေါင်းမော့လိုက်တော့ သူကမသိမသာလေး နောက်ပြန်ဆုတ်သွားပြီး ခံစားချက်အများစုကို သိမ်မွေ့စွာပြန်လည် ထိန်းချုပ်လိုက်သည်။
မကြာမီမှာပင် ချောမွေ့လှသည့် စန္ဒယားသံလေးက စားသောက်ဆိုင်တစ်လျှောက် ပျံ့လွင့်လာတော့သည်။ တီးလတ်ဟန်က ပေါ့ပါးပြီး အလွန်စိတ်အပန်းပြေစေသော တေးသွားလေးဖြစ်သည်။
DU LIEST GERADE
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomantikDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...