[Unicode]
Chapter (8.2) - ရွှေပေါင်လုံးကြီးဆီ ငွေအပ်ထားမယ်
"ဒီမှာ..."ချင်းလောင်သည် သူ့လက်ထဲသို့ ကိတ်မုန့်ဘူးလေးကို ထည့်ပေးလိုက်သည်။
"ဒီဆိုင်က ကိတ်မုန့်တွေက အရမ်းအရသာရှိတာ။ မင်းစားကြည့်ကြည့်..."
ယဲ့ချန်သည် ကိတ်မုန့်ကိုယူကာ ချင်းလောင်ကို လောင်မြိုက်နေသောအကြည့်တို့ဖြင့် ကြည့်လိုက်သည်။
"ချင်းလောင်... ငါ့ကိုရှာဖို့ ဒီနေရာကို ဘာလို့အပြေးရောက်လာတာလဲ"
သဘာ၀မကျသော ရှက်ရွံ့မှုက ချင်းလောင်၏မျက်နှာထက် ထွက်ပေါ်လာပြီး သူ့အသံကလည်း အနည်းငယ် ကြမ်းရှရှဖြစ်နေသည်။
"ငါ့မွေးနေ့မှာ မင်းနဲ့အတူရှိချင်ရုံပါ။ မင်း... အဲဒီ့လိုလုပ်ပေးလို့ မရဘူးလား"
ယဲ့ချန်ပြုံးလိုက်သည်။ သူခေါင်းငုံ့ကာ ဘူးကိုဖွင့်ပြီး ကိတ်မုန့်အနည်းငယ်ဖဲ့ကာ ပါးစပ်ထဲ တစ်လုတ်ထည့်လိုက်သည်။ချင်းလောင်ပြောတာမှန်သည်။ ခရင်တွေက နူးညံ့နေပြီး ကိတ်သားကနုညက်သည်။ ချိုသော်လည်း ချွဲမနေပေ။ အနံ့လေးကလည်း မွှေးသည်။
"တစ်ကယ်တော့..."ချင်းလောင်သည် ယဲ့ချန်၏ဘေးတွင် ထိုင်လိုက်ရင်း လက်ချောင်းများက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်ကြယ်သီးကို ကလိနေလေသည်။
"ငါထင်တာ ငါ့မှာစစ်မှန်တဲ့သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိတာဖြစ်နိုင်တယ်လို့လေ။ အဲဒါကြောင့် မင်းနဲ့အတူတူ အချိန်ဖြုန်းချင်တာ"
"ငါတစ်ယောက်တည်းလား"ယဲ့ချန်သည် မမျှော်လင့်ဘဲ ရှက်ရွံ့နေပုံပေါ်သည့် လူငယ်လေးကိုကြည့်လိုက်သည်။
"ချန်းကျစ်ယွီနဲ့ ၀မ်ဟောက်တို့နှစ်ယောက်လည်း ရှိတယ်မဟုတ်ဘူးလား"
"အာ... အစ်ကိုယွီ..."ချင်းလောင်သည် သူ့ဘာသာ တီးတိုးရယ်လိုက်သည်။
"မင်းကဒီလောက်စမတ်ကျတဲ့ဟာ။ အစ်ကိုယွီက ငါ့အပေါ်တစ်ကယ်ကောင်းလား မကောင်းဘူးလားဆိုတာကို မင်းမပြောနိုင်ဘူးလို့တော့ ငါမယုံပါဘူး။ ၀မ်ဟောက်တို့နှစ်ယောက်ကကျတော့ ငါ့မိသားစုဆီက မျက်နှာသာရအောင် ကြိုးစားချင်တဲ့ သူတို့မိသားစုရဲ့ အကြီးအကဲတွေခိုင်းလို့သာ ငါ့ကို သခင်ငယ်လေးတစ်ယောက်လို ဆက်ဆံနေတာ။ သူတို့က ငါ့ကိုသူငယ်ချင်းလို့ သတ်မှတ်ထားပေမဲ့ တစ်ကယ်လို့များ တစ်နေ့နေ့ ငါ့မိသားစုသာ မွဲပြာကျသွားရင် ငါ့ကိုဂရုစိုက်ကြမှာ မဟုတ်တော့ဘူး"
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...