(Unicode)
Chapter (37.1)–ယန်ဟန်ဒဏ်ရာရခြင်းအကြောင်းရင်း
ယန်ဟန်၏လက် ဒဏ်ရာမရခင် မနက်ပိုင်း။
ကော်ဖီဆိုင်၌.....။
"ယန်ဟန်..."
နူးညံ့သည့်အမျိုးသမီးအသံကအပြုံးတစ်ပွင့်နှင့်အတူ ထွက်ပေါ်လာသည်။
"...…"
ယန်ဟန်၏ ညာဘက်မျက်ခွံဟာ အကြိမ်အနည်းငယ်ခန့် တဆတ်ဆတ်ဖြစ်သွားသည်။ သူပွတ်သပ်လိုက်ပြီး အာရုံပြန်၀င်အောင်လုပ်လိုက်သည်။
အဲဒီ့နောက် အပြုံးတစ်ပွင့်ဖြင့် မျက်နှာချင်းဆိုင်က အမျိုးသမီးကို တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်လောင်ရှီး... ကျွန်တော် နည်းနည်းအာရုံပျံ့သွားမိတယ်"
ရှုကျင်းက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်ကာ လှပအောင်ပြင်ဆင်ထားသော်လည်း မျက်၀န်းဘေး၌ အရေးအကြောင်းတစ်ချို့ ရှိလာပြီဖြစ်သည်။
သူမ ပြုံးလိုက်ချိန်၌ အတွန့်ရာအနည်းငယ် ပေါ်လာသည်။
"တို့... မင်းနဲ့ ဒီလိုဆုံဖို့ဆိုတာ ရှားရှားပါးပါးပဲနော်။ ကဲ... ပြောစမ်းပါဦး..."
ယန်ဟန်သည် သူ့လက်ထဲက A4 paper အချို့ကိုကြည့်ကာ ပြန်ပြောလိုက်သည်။
"ဇာတ်ညွှန်းအတွက် basic setting တွေက သိပ်မဟုတ်သေးဘူးလို့ ကျွန်တော်ထင်တယ်"
"ဟမ်....."
ရှုကျင်း အပြုံးလေးဖြင့် ခေါင်းခါပြလာသည်။
"တို့ဆိုလိုတာက... မင်းရဲ့စိတ်ကို ပျံ့လွင့်အောင်လုပ်နိုင်တဲ့အရာအကြောင်းလေ..."
ယန်ဟန် အကူအညီမဲ့စွာပြုံးပြီး လက်ထဲက ဇာတ်ညွှန်းကိုချထားရင်း သက်ပြင်းချလိုက်သည်။
"ဒီနေ့က နို၀င်ဘာ ၁၆ ရက်နေ့လေ..."
အမျိုးသမီး သူ့ကိုကြည့်နေပုံက ဒီနေ့က ဘာလို့ အထူးတလည်ဖြစ်နေရလဲဆိုသည့် အကြောင်းမေးချင်နေပုံပင်။
သို့သော် ယန်ဟန်က ဆက်မပြောပေ။ အရင်တုန်းကတော့ ဒီနေ့နဲ့ပတ်သတ်လို့ အတူးတလည်ကိစ္စမျိုးမရှိခဲ့ပေမဲ့လည်း လွန်ခဲ့သည့် လအနည်းငယ်ကစပြီး သူ့နှလုံးသားထဲ၌ အရေးကြီးသောနေ့ရက်တစ်ရက်အဖြစ် ခံစားခဲ့ရသည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...