152 30 24
(Unicode)
Chapter (39.2)–ချိုမြိန်တဲ့အစားထိုးလေးကဗီလိန်ကောင်ပဲ
နောက်တစ်နေ့တွင် ယန်ဟန်သည် ချင်းလောင်ကို အရင်လိုမျိုး တစ်ခါလေးတောင် မစနောက်သလို ရင်းနှီးဟန်လည်းမပြဘဲ လိမ္မာပါးနပ်စွာဖြင့် အကွာအဝေးတစ်ခု ထားပေးလေသည်။
ချင်းလောင် တောင်းဆိုသည့်အတိုင်း ခပ်ခွာခွာနေပေးသော်ငြား သူ့မျက်၀န်းတွေကတော့ လွန်စွာနူးညံ့နေလေသည်။
ဒီလို အကွာအဝေးတစ်ခုမှာ နေပေးတာက ချင်းလောင်အတွက် ကြောင်းကျိုးဆက်စပ်တွေးခေါ်ရန် လုံလောက်သော အခြေအနေကို ရစေသည်။
ဒါပေါ့။ ချင်းလောင်ရဲ့ အတွေးအစစ်ကတော့ တစ်ရက်ဆိုတာ ကြာလွန်းသည်ဟုထင်သည်။
ယန်ဟန်ဘာလို့ ဒီလိုနေပေးတာလဲဆိုတာ သူသိသည်။ အဲဒါက ညတုန်းက သူ့အနား နီးနီးကပ်ကပ်မနေဖို့ ပြောခဲ့တာကြောင့်ဖြစ်သည်။
သို့သော် သူသည် မကြာသေးခင်အချိန်ကစပြီး ယန်ဟန်နှင့် တပူးတွဲတွဲနေရသည့် ခံစားချက်ကို ကျင့်သားရလာသောကြောင့် အခုလိုအချိန်မှာ ယန်ဟန့်ဆီ မကြာခဏ ကြည့်ချင်စိတ်ကို ထိန်းမရတော့ပေ။
ယန်ဟန်လည်း ချင်းလောင်၏ အကြည့်ကို သတိထားမိသည်။ သူ့မျက်၀န်းတွေက လက်ထဲကမှတ်စုစာအုပ်ဆီ ရောက်နေပေမဲ့ နှုတ်ခမ်းလွှာတွေကိုတော့ ဖြည်းဖြည်းလေး လှုပ်ပြလိုက်သည်။
-- ကိုယ်မင်းကို စောင့်နေတယ်နော်--
ချင်းလောင် ထပ်ပြီးခိုးကြည့်လိုက်ချိန်မှာတော့ တစ်ဖက်လူက မျက်ခုံးပင့်ပြလာသည်။
ချင်းလောင် ခပ်မြန်မြန်ပဲ အကြည့်ပြန်ရုတ်ကာ သူ့အာရုံအလုံးစုံကို ဇာတ်ညွှန်းဆီ ပို့ထားပြီး အာရုံမပျံ့ရဲတော့ပါချေ။
ဒါပေမဲ့ ဒီနေ့ရိုက်ကူးရေးကို မမှောင်ခင် စောစောပြီးဖို့ဝောာ့ မျှော်လင့်မိသည်။ အထူးသဖြင့် ရှစ်နာရီမထိုးခင်ပေါ့။
နေ့ခင်းဘက်မှာ နှစ်ယောက်သား ဆက်သွယ်ပြောဆိုတာမျိုး သိပ်မရှိတာကြောင့် ရိုက်ကူးရေးအဖွဲ့သားများကတောင် ဒီနေ့ သူတို့နှစ်ဦးကြား အတင်းအဖျင်းပြောရလောက်သည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ခဲ့လောက်သည်ဟု ထင်နေကြသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now