(Unicode)
Chapter (39.1)-မင်းနဲ့အတူရှိချင်တယ်
ဆောင်းရာသီအစောပိုင်း၏ညတွေက အနည်းငယ်အေးနေလေပြီ။ ချင်းလောင်၏အပြုံးတွေက ကြမ်းပြင်မှ မျက်နှာကြက်ထိတိုင် ရှည်လျားသည့် မှန်ပြတင်းများပေါ်၌ ထင်ဟပ်နေခဲ့သည်။
သူသည် လက်တစ်ဖက်တွင် ဖုန်းကိုကိုင်ထားကာ တစ်ဖက်လူပြောသည်ကို နားထောင်နေရင်း ပြတင်းအပြင်မှ နီယွန်မီးအလင်းရောင်များကို ပျင်းတိပျင်းရွဲကြည့်နေလေသည်။
နောက်တစ်စက္ကန့်မှာတော့ မျက်၀န်းအကြည့်နှင့် ပျင်းတိပျင်းရွဲပုံစံက မပြောင်းလဲသော်လည်း အမူအရာ၊ စကားသံနှင့် လေယူလေသိမ်းတို့ကတော့ အခြားလူတစ်ယောက်လို ပြောင်းလဲသွားလေသည်။
"ဆုလား... ဘာဆုကို ပြောတာလဲ..."
ချင်းလောင်တံတွေးမျိုချလိုက်ပြီး နားမလည်ဟန် ဆောင်လိုက်သည်။ ဖုန်းတစ်ဖက်မှ ရယ်သံလေးထွက်လာပြီး ထိုsexyကျသည့်အသံက ချင်းလောင်၏နားကို လာရောက်ရိုက်ခတ်နေတော့သည်။
"မင်းမမှတ်မိဘူးဆိုမှတော့ ထားလိုက်ပါတော့လေ။ ကောင်းပြီ... အိပ်ချိန် နောက်ကျနေဦးမယ်။ စောစောနားတော့နော် ပေါင်ပေ့..."
"....."
ချင်းလောင် သောကရောက်သွားသည်။
- ဘာကိစ္စ ကတ်တွေကို ပုံမှန်အတိုင်း မကစားရတာလဲကွာ။
ဒါပေမဲ့ သူဒီလောက် ဖုန်းမြန်မြန်မချချင်ပေ။ တစ်ဖက်လူ၏အသံကို နည်းနည်းလောက်ထပ်ပြီး နားထောင်ချင်သေးသည်။
"ဟမ့်... အခုမှ ရှစ်နာရီပဲရှိသေးတဲ့ဟာကို..."
ယန်ဟန် ဖုန်းပြန်ကိုင်ထားပေမဲ့လည်း မနေနိုင်ဘဲ ရယ်သံထွက်သွားမိသည်။
ဒီတော့မှ တစ်ဖက်လူက သူ့ကိုစနောက်ပြန်ပြီဆိုတာ ချင်းလောင် သဘောပေါက်လိုက်ပြီး ချက်ချင်း ရှက်သွားကာ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။
"မင်း... မင်းပြောတာမှန်တယ်။ နောက်ကျနေပြီ။ နားရမဲ့အချိန်ပဲ..."
"ဟားဟားဟား... ပေါင်ပေ့ စိတ်မဆိုးပါနဲ့ကွာ။ တံခါးလာဖွင့်ပါဦး..."
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...