503 68 23
(Unicode)
Chapter (30.2)–ငါချင်းလောင်ကိုလိုက်နေတာ
နောက်တစ်နေ့ မနက်ရှစ်နာရီတွင် သူသနာပြုဆရာမသည် IV ချိတ်ရန်လာသည်။ ချင်း‌လောင်အတွက် မနက်စာ၀ယ်လာသော ကျင်းယွီကတော့ သူနာပြုဆရာမထက် ခြေတစ်လှမ်း နောက်ကျသွားသည်။
သူနာပြုချိန်ညှိထားခဲ့တဲ့ ဆေးစီးဆင်းတဲ့အရှိန်က ပုံမှန်ဖြစ်ပေမဲ့လည်း မနက်စာစားပြီးနောက်မှာ ချင်းလောင်၏ရင်ဘတ်ထဲ တင်းကျပ်မှုကို ခံစားလိုက်ရသည်။
ပြီးတော့ အကြိမ်အနည်းငယ် ပျို့တက်မိသွားတာကြောင့် သူမတတ်သာဘဲ ပါးစပ်ကိုလက်ဖြင့်အုပ်ထားလိုက်ရသည်။
"မင်းအဆင်ပြေရဲ့လား ရှောင်လောင်..."
ကျင်းယွီအလွန်စိုးရိမ်သွားပြီး သူယူလာသော အစားအစာများကို စစ်ဆေးကာ သူနာပြုကိုခေါ်လိုက်သည်။
ချင်းလောင်သည် မျက်ရည်များလျှံကျလာလောက်အောင်ပင် နှစ်ကြိမ်ထပ်ပျို့လာပြီး နေရတာ လုံး၀ကို သက်တောင့်သက်သာမရှိပါချေ။
သူထပ်ပြီးပျို့တက်လာဦးမည်ဆိုလျှင် ဘာပဲစားထားပါစေ အကုန်ပြန်ထွက်တော့မည်။
ယန်ဟန်ရောက်လာချိန်၌ ချင်းလောင်၏ ဒီလိုပုံစံကို တွေ့လိုက်ရတာမို့ ခြေလှမ်းတို့ကို အရှိန်တင်လိုက်ပြီး ချင်းလောင်ရှိရာ ကုတင်ဘေးဆီ လျှောက်သွားလိုက်သည်။
"မင်းအဆင်ပြေရဲ့လား။ တစ်ယောက်ယောက်ကို ခေါ်ပြီးပြီလား"
ကျင်းယွီသည် ယန်ဟန့်ကို စိတ်ကျေနပ်ခြင်းမရှိသော်လည်း ပြန်တော့ဖြေလိုက်ဆဲပင်။
"ခေါ်ပြီးပြီ။ သူတို့ မကြာခင် ရောက်လာမှာ"
"ရှင့်ရဲ့အစာအိမ်က နည်းနည်းလေး အားနည်းနေတုန်းပဲ"
သူနာပြုရောက်လာပြီးနောက် ဆေးစီးဆင်းမှုကို အနိမ့်ဆုံးအထိ ချိန်ညှိလိုက်သည်။
"ကျွန်မအနိမ့်ဆုံးအထိ လျှော့ပေးထားတယ်။ တစ်ကယ်လို့ နေရတာ မကောင်းသေးရင် ဒေါက်တာ့ကို စစ်ဆေးဖို့ ပြောပေးမယ်နော်"
"ကျေးဇူးတင်ပါတယ်"
ကျင်းယွီနှင့် ယန်ဟန်တို့ တစ်ပြိုင်တည်း ပြောမိသွားသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationOù les histoires vivent. Découvrez maintenant