190 33 10
(Unicode)
Chapter (29.1)–လူနာသတင်းမေးလာတဲ့ခင်ပွန်းဟောင်း
ချင်းလောင်နိုးလာတော့ သူ့ဘေးမှာ ကျင်းယွီနှင့် ရှောင်မေ့တို့ရှိနေကြသည်။
"ရှောင်လောင်... နိုးပြီလား..."
ကျင်းယွီ၏ပုံစံက အနည်းငယ်ပင်ပန်းနေပုံရသည်။
"ရှောင်မေ့... တစ်ချက်လောက်လာကြည့်ပေးဖို့ ဆရာ၀န်သွားခေါ်လိုက်ဦး"
အခန်းထဲတွင် ပြေးလွှားနေကြသော ခြေသံများက သူ့အတွက်ကြောင့်ဆိုတာ ပြောရန်မခက်ခဲပေ။
"ဝူး...."
ခေါင်းကနာကျင်မှု‌ကြောင့် ချင်းလောင်မျက်မှောင်ကြုပ်လိုက်သည်။
"နာလိုက်တာ"
"ဘာဖြစ်တာလဲ။ show အဖွဲ့ကလူတွေကို အစ်ကိုမေးလိုက်တော့ အစပိုင်းမှာ မင်းတည်တည်ငြိမ်ငြိမ် ရပ်နေနိုင်တယ်တဲ့။ ပြီးတော့မှ ရုတ်တရက် တစ်ခုခုကိုမြင်လိုက်ရလို့  နောက်ကိုဆုတ်လိုက်ပုံရတယ်တဲ့။ အောက်မှာ cameraman ရှိနေလို့သာ။ မဟုတ်ရင် ဘယ်လောက်တောင် အန္တရာယ်များလဲ မင်းသိရဲ့လား"
ထိုအချိန်တုန်းက ကျင်းယွီသည် ဒါရိုက်တာများနှင့်အတူ အနားယူတဲ့အခန်းမှာ ရှိနေတာဖြစ်သည်။
ထိုသတင်းကိုကြားလိုက်ရပြီး ချင်းလောင်ခေါင်းက သွေးတွေကို မြင်လိုက်ရပြီးနောက် အသက်ရှူရပ်မတတ် ကြောက်လန့်သွားရသည်။
"ကျွန်တော်...."
ချင်းလောင် ရူးကြောင်ကြောင်လေး ပြုံးသည်။
"ဖြစ်နိုင်တာက ကျွန်တော်မနက်စာ မစားရသေးလို့ *hypoglycemia (‌သွေးတွင်းသကြားဓာတ်နည်းခြင်း) ဖြစ်တာ‌နေမယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော်အခု အဆင်မပြေနေလို့လား"
"မင်းကတော့ကွာ..."
ကျင်းယွီ သူ့မျက်ခုံးတွေကို နှိပ်နယ်လိုက်သည်။
"မင်းအခုနိုးပြီဆိုတော့ မင်းအစ်ကိုကြီးကိုပြောလိုက်ဦးမယ်။ မဟုတ်ရင် သူငါ့ကို သေအောင်ရိုက်လိမ့်မယ်။ ဪ... ပြီးတော့ ယန်ဟန့်ဆီကိုလည်း အစ်ကိုဆက်သွယ်ပေးထားတယ်။ သူက T မြို့မှာ ရုပ်ရှင်ရိုက်နေတာတဲ့။ ဒါပေမဲ့ မင်းဒဏ်ရာရ‌နေတဲ့အချိန်မှာတော့ မင်းကိုဂရုစိုက်ပေးသင့်တယ်လေ"
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now