Chapter 169
ရှုရှင်းချန် လက်မှသွေးများကို သုတ်ပြီးချိန်၌ ပွဲကျင်းပမည့်ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
နှလုံးရပ်ဖွယ်ခြိမ်းခြောက်မှုကြီးတစ်ရပ်က လေထဲတွင်ပြည့်လာပြီး ပိုမိုပြင်းထန်လာသောကြောင့် အားလုံး အသက်ရှုကျပ်လာသည်။
ရှုကွမ်ဟိုင်၏နှဖူးပြင်တွင် ချွေးစေးများထွက်လာပြီး သူ့လုပ်ရပ်များက မှားယွင်းသွားကြောင်း ချက်ချင်းသိလိုက်သည်။ သူ၏ အကြောက်တရားက မကျေနပ်မှုကို အနိုင်ယူသွားသည်။ သူ ရှုဇီလင်းကိုဆွဲခေါ်လာပြီး သူနှင့်တူတူ ဒူးထောက်ခိုင်းလိုက်သည်။
" ရှုဇီရွှယ်က မာနကြီးပြီးတော့ သွန်သင်ဆုံးမမှုကို မနာခံတတ်လို့ပါ... သူက အရှင်ရှန်းလျိုရှန့်ကို အပြစ်ပြုမိလို့ ဒီလိုအဆုံးသတ်သင့်ပါတယ်... ဧကရာဇ် စိတ်ငြိမ်ငြိမ်ထားနိုင်ဖို့ ကျွန်တော်မျိုး မျှော်လင့်မိပါတယ်..."ရှုရှင်းချန်က သွေးများစွန်းပေနေသည့် လက်ကိုင်ပဝါကို လွှင့်ပစ်လိုက်သည်။
" ဦးလေး အသက်ကြီးနေပြီလေ ဘာလို့ဒူးထောက်နေတာလဲ ထပါ..."ပြောပြီးသည်နှင့် ရှုရှင်းချန်က ရှန်းလျိုရှန့်အတွက် ပြင်ဆင်ပေးထားသော ပွဲကြည့်စင်ကိုကြည့်ကာ အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
" ဦးလေးက အစ်ကိုတော်အတွက် ပွဲကြည့်စင်ကို သေချာပြင်ပေးထားတာပဲ..."ရှုကွမ်ဟိုင်၏ တစ်ကိုယ်လုံးတုန်ယင်လာပြီး သူ့မျက်နှာကလည်း ဖြူဖျော့နေကာ ရင်ထဲတွင် ဂနာမငြိမ်ဖြစ်နေသည်။ ရှုရှင်းချန်၏ ရည်ရွယ်ချက်ကို သူ အစတည်းက အထင်လွဲခဲ့မိပေသည်။
" တစ်ယောက်ယောက်လာစမ်း... ပွဲကြည့်စင်ကို..."
" မလိုတော့ဘူး..."
ရှုရှင်းချန်က တစ်ရှန်းလျိုရှန့်၏လက်ကို အုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ဒီနေ့က အစ်မလင်းအတွက် နေ့ကောင်းရက်မြတ်လေ... အချိန်ကျတော့မယ်ထင်တယ်... ကဲ အစ်မလင်းလည်းထပါ ဒီလိုကြီးနေစရာ မလိုပါဘူး..."သူတို့နှစ်ယောက်လုံး ရှုရှင်းချန်ပြောသည်ကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။