Chapter 171
သူ့အာရုံက ပွဲကြည့်စင်ထက်သို့ ရောက်သွားပြီး အခွင့်ကောင်းကိုရှာရန် ပြင်လိုက်သော်လည်း သူ မြင်လိုက်ကြားလိုက်ရသည့်အရာများက ပိုစိတ်ဓာတ်ကျစရာဖြစ်သွား ခဲ့သည်။
" မင်းကရော ဒီကိုဘာလို့ရောက်လာတာလဲ... ငါ့ရှစ်တိနဲ့ ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ..."
လင်ယဲ့က နန်ယောင်ချွမ်ကို ပြောလိုက်သည်။နန်ယောင်ချွမ် ပြုံးလိုက်မိသည်။
" ငါသူ့ကို ၁၆နှစ်လုံးလုံး ဂရုစိုက်လာပေးပြီးတော့ လူလိုသူလိုပြန်ဖြစ်လာအောင် စောင့်ရှောက်ပေးခဲ့တာလေ ဘာကိစ္စ သူနဲ့ မရင်းနှီးရမှာလဲ..."ထို ၁၆နှစ်တာ ကာလအကြောင်း ပြောလိုက်သည့်အခါ လူအားလုံးက ချက်ချင်းပြောစရာရသွားသည်။
လင်ယဲ့က ပြောလာသည်။
" ငါလည်း အားတဲ့နေ့တိုင်း ရှစ်တိရဲ့အုတ်ဂူဆီသွားတာပဲ... မင်းသာ စောစောပြောပြခဲ့ရင် ငါ နတ်ဆိုးနန်းတော်ကို လာမှာပေါ့..."ရှုရှင်းချန်ကလည်း ပြောလာ၏။
" ကိုယ်တော့်ရဲ့ မွေးစာအစ်ကိုတော်(နန်ယောင်ချွမ်ကိုပြောတာပါ) က မကြင်နာတတ်ဘူးပဲ... တခြားလူတွေကို မပြောရင်တောင် ကိုယ်တော့်ကိုပြောပြရင် လျှို့ဝှက်ထားမှာပေါ့... စောစောကသာ ပြောပြခဲ့မယ်ဆိုရင် ကိုယ်တော်လည်း ညလယ်ခေါင်မှာ အုတ်ဂူကိုသွားပြီး အစ်ကိုတော့်ကို အရိုအသေပေးနေစရာ မလိုတော့ဘူး..."" ကျုပ် အုတ်ဂူမှာ သန့်ရှင်းရေးလာလုပ်တုန်းကလည်း တစ်ချို့ မနက်စောစောဆိုရင် အမွှေးတိုင်အပိုင်းအစတွေကို တွေ့မိတယ်... ကြည့်ရတာ ဧကရာဇ်က အမွှေးတိုင်လာထွန်းထားတာကိုး... ကျုပ်က နတ်ဆိုးဧကရာဇ် လာထားတယ်လို့ထင်နေတာ အထင်လွဲသွားမိတာပဲ... နတ်ဆိုးဧကရာဇ်က နေ့တိုင်းကိစ္စတွေအများကြီး လုပ်နေရတော့ အုတ်ဂူကို လာလည်ဖို့အချိန် ဘယ်ရှိပါ့မလဲ..."
ယဲ့ပင်းရန်က အေးစက်စက်လေသံဖြင့် ပြောလာသည်။ကျိုးရွှမ်လန်၏မျက်နှာထက်တွင် ရန်လိုသည့်အမူအရာပေါင်းစုံပေါ်လာပြီး ဘေးနားကိုလှည့်ကြည့်ရန် ယုံကြည်ချက်မရှိ ဖြစ်သွားသည်။ သူ ဟန်ချက်ပျက်သွားပြီးနောက် ပြောလာသည်။
" ရှစ်စွမ်း ကျွန်တော် လာမကြည့်တာ မဟုတ်ပါဘူး အဲ့အချိန်တုန်းက..."