ပြင်းထန်လှသည့်တော်လဲသံကြီးကို ဖူအန်ကြားလိုက်ရသည်။
အသံမှာ ပြင်းထန်လွန်းလှကာ နားစည်များကိုပင်တုန်ခါသွားစေသည်။ အိမ်က လှုပ်ခါလာကာ အပိုဆောင်ထားသည့်မီးရောင်ပင် မှိတ်လိုက်၊ ပွင့်လိုက်ဖြစ်သွားသည်။
ဤအခြေအနေမှာ စက္ကန့်အတော်ကြာအောင်ဖြစ်နေသည်။
၁၀ စက္ကန့်ခန့်ကြာပြီးနောက် အရာအားလုံးက ပြန်လည်တည်ငြိမ်သွားသည်။မိနစ်အနည်းငယ် စောင့်ပြီးနောက် လည်မျိုဆီသို့ရောက်နေသည့် ဖူအန်၏နှလုံးသားမှာ နောက်ဆုံးမှ နေရာတကျ ပြန်ကျတော့သည်။
မြေအောက်ထပ်မှ သူတို့တက်လာကြသည်။
အိမ်၏ပထမထပ်မှာ အဆင်ပြေနေသေးသည်။ ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်သောအခါ လေဆင်နှာမောင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။စတင်ချိန်မှ ပြီးဆုံးချိန်အထိ အနည်းဆုံး မိနစ် ၂၀ ခန့်ကြာသည်။
သို့သော်လည်း ထို မိနစ် ၂၀ အတွင်းမှာပင် အပြင်ဖက်ရှိအရာအားလုံး ပြောင်းလဲသွားသည်။လမ်းပေါ်တွင်ရပ်ထားသည့်ယာဉ်များမှာ ရွဲ့စောင်းနေပြီး လုံးဝပြောင်းပြန်လှန်သွားသည်များလည်း ရှိသည်။ ရွံ့များနှင့်မိုးရေစက်များက နေရာတိုင်းတွင် ပေပွစိုစွတ်နေသည်။
များပြားလှသည့်သစ်ပင်ကြီးများမှာ အမြစ်မှကျွတ်ပါသွားပြီး အိမ်အချို့သည်လည်းလုံးဝပျက်စီးသွားကာ အောက်ခြေရှိစတီးချောင်းများကို မြင်နေရသည်။
ရှော့အဖြစ်ရဆုံးအရာမှာ သူတို့ယခင်နေထိုင်ခဲ့သည့်ဟိုတယ်ကြီးပင်။
အလယ်နေရာရှိ ၁၀ ထပ်မြောက်မှစ၍ တုံးတိတိကိရိယာဖြင့်အလယ်မှနှစ်ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ ပျက်စီးနေပြီး ထိပ်တွင် အနည်းငယ်သာကျန်နေတော့သည်။
ထိုသည်ကိုမြင်သောအခါ လူများမှာ မနေနိုင်တော့ပဲ သက်ပြင်းသာချမိလိုက်တော့သည်။ အထဲတွင်ရှိသောလူများ မည်ကဲ့သို့တွေ့ကြုံခံစားခဲ့ကြရမည်ကို တွေးကြည့်နိုင်လေသည်။
သဘာဝရဲ့စွမ်းအား…………….ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး………….