ဂိမ်း၏ ၁၁ ရက်မြောက်နေ့တွင် မိုးက ရွာနေဆဲပင်။
အပူချိန်မှာလည်းကျဆင်းလာသဖြင့် လူများမှာ အဝတ်အစားတစ်ထပ်မှ နှစ်ထပ်သို့တိုး၍ ဝတ်ဆင်လာကြရသည်။
အိမ်များကဖျက်စီးခံလိုက်ရသဖြင့် အပြင်ဖက်တွင် ညအိပ်ရသည့်ဒုက္ခသည်များမှာ မရှုနိုင်မကယ်နိုင် ဖြစ်နေကြရသည်။ အစိုးရက အာဏာသုံး၍ ထိခိုက်မှုမရှိသည့်ဆိုင်များ၊ ရှော့ပင်းမောလ်များစသည်ဖြင့် နေရာများအား ကပ်ဘေးကြောင့်အိမ်မရှိတော့သောဒုက္ခသည်များအတွက် နေစရာဖန်တီးပေးလေသည်။
တစ်ချိန်တည်းမှာပင် လေဆင်နှာမောင်းကြောင့်ဒုက္ခရောက်နေကြသော ဒုက္ခသည်များကို ကယ်တင်နေကြရသည်။
အထူးသဖြင့် ဟိုတယ်အဆောက်အဦရှိလူများမှာ အကုန်အစင်မကယ်ထုတ်ကြရသေးချေ။အပြင်ဖက်တွင်ကား အရာအားလုံးတင်းမာနေလေသည်။
သူမတို့၏ ပြင်ဆင်သည့်လုပ်ငန်းမှာလည်း ပြီးဆုံးခါနီးပြီဖြစ်သည်။
နောက်ဆုံးမှန်ချပ်ကိုလဲလိုက်ပြီးနောက် ဖူအန်က ခေါင်မိုးပေါ်သို့ကြည့်လိုက်၏။ သူတို့လည်း ပြင်ပြီးခါနီးနေပြီ။အိမ်ထဲမှာရောဘယ်လိုနေမလဲ?...........
ဖူအန်သည် စစ်ဆေးရန်အတွက် အခန်းထဲမှမီးလင်းဖိုကိုဖွင့်လိုက်၏။
ဟူး………
သစ်ရွက်များနှင့်အမှိုက်များအန်ထွက်လာပြီး ရေများလည်း ထွက်ကျလာသည်။
ဖူအန်မှာ တံမျက်စည်းနှင့်ဂေါ်ပြားကိုယူ၍ အထဲရှိအမှိုက်များကို စတင်သန့်ရှင်းရေးလုပ်လိုက်၏။အမှိုက်အပြည့်နှင့်ဂေါ်ပြားဖြင့်အပြင်ထွက်လာရင်း စုဆန်မှာ သူ၏ထရပ်ကားလေးနှင့်အပြင်ထွက်သွားသည်ကို မြင်လိုက်ရသည်။
“အစ်ကိုဖု…………….အစ်ကိုစုဘယ်သွားတာလဲ?”
ဖူအန်ကခေါင်းမော့၍ ခေါင်မိုးပေါ်ရှိဖုရီရှီအား ကြည့်လိုက်၏။
ဖုရီရှီက သူမအား မသိရကောင်းနိုးပုံစံဖြင့်ကြည့်လိုက်ကာ ရှေ့တွင်ဝဲကျနေသည့်ဆံပင်များကို အင်္ကျီလက်စဖြင့် ပင့်တင်လိုက်၏။