စုဆန်သည် လက်တွေ့ဘဝတွင် ချမ်းသာပြီး အပျော်ကြိုက်သည့် ကိုယ်လူချောဖြစ်သော်လည်း ဂိမ်းထဲတွင်မူ သူသည် အတွေ့အကြုံရင့်ပြီး ကြိုးစားသည့်ဝါရင့်ကစားသမားဖြစ်သည်။
အဆင့်မြင့်ကစားသမားတစ်ယောက်အနေဖြင့် သူ့တွင် နည်းဗျူဟာ၊ နည်းလမ်း၊ စွမ်းရည်များနှင့် ဆုံးဖြတ်ချက်များစသည်တို့တွင်တစ်ခုမှ အားနည်းချက်မရှိပေ။
ယခုအချိန်တွင်သာ လူများရှိမနေပါက စုဆန်သည် ဤနှစ်ယောက်အား ရှင်းပစ်ပြီးဖြစ်ပေလိမ့်မည်။
ဖူအန်အတွက်ပင်။ဘာပဲဖြစ်ဖြစ် ပြဿနာကိုရှောင်ရှားတာ ပိုကောင်းတယ်……….
သူတို့တွေကို မရှင်းထုတ်ရင်တောင်မှ ရိုက်ရအုန်းမှာပဲ……..
ထိုလူ၏ဘောင်းဘီဂွကြားမှ အရည်များထွက်ကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ပြင်းပြင်းထန်ထန်တုန်ခါလာ၏။ မိန်းမ၏ ငိုယိုသံများမှာလည်း ပိုပိုကြောက်ရွံ့တုန်လှုပ်လာသည်။ ထို့နောက် စုဆန်က ထိုလူ့အပေါ်တွင် ဖိထားသည့်ခြေထောက်ကို ပြန်မြှောက်လိုက်၏။
“နောက်တစ်ကြိမ် ဒီအိမ်ကိုလာပြီး ပြဿနာရှာမယ်ဆိုရင် ဒီနေ့လိုမျိုး ရိုးရှင်းမယ်မထင်နဲ့…………..
သွားစမ်း……”
သူတို့ ၂ ယောာက်မှာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားကြသည်။
သူတို့ယူလာသည့်ဝါးခြင်းတောင်းကိုပင် မသယ်နိုင်တော့ပဲ ထွက်သွားကြခြင်းပင်။ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားစွာကြည့်နေသည့်လူများမှာလည်း သက်သာရာရသွားကြပြီး ကြောက်ရွံ့သွားကြသည်။
ဤအဖြစ်အပျက်ကြောင့် အနီးပတ်ဝန်းကျင်ရှိလူများမှာ တစ်ခုခုကိုသိသွားကြသည်။
‘အနောက်တိုင်းစတိုင်ဆောက်ထားတဲ့ ၃ ထပ်ဘန်ဂလိုက မိသားစုကို သွားရှုပ်လို့မရဘူး’
…………………………………………………………..သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ဖူအန်က စုဆန်အားလက်ခုပ်တီးလိုက်၏။
“အစ်ကိုစုက အရမ်မိုက်တာပဲ”
စုဆန်အနည်းငယ်ပြုံးလိုက်ကာ………….