လူ ၇ ယောက်၊ ၈ ယောက်သည် တံခါးကို ရှင်းရှင်းလင်းလင်းကြီးဖွင့်ချလိုက်ပြီးနောက် အိမ်ထဲမှ အော်ဟစ်အကူအညီတောင်းခံသံများ ထွက်ပေါ်လာလေသည်။
"မင်းတို့ဘာလုပ်ကြတာလဲ?"
"အနားကိုမလာကြနဲ့"
"ဓားမြတိုက်နေကြပါတယ်...........ကယ်ကြပါ"
............................................အထဲမှ အော်ဟစ်သံများကြောင့် အနီးအနားရှိအိမ်နီးနားချင်းများကို ဆွဲဆောင်မိသွားသော်လည်း မည်သူကမျှ ထွက်မကြည့်ကြပေ။ ထို့ကြောင့်ပင် အထဲတွင် မည့်သည့်အခြေအနေရှိမှန်း သိနိုင်ရန်လည်း အကြောင်းမရှိတော့။
သို့သော်လည်း အထဲတွင် အခြေအနေကောင်းသည့်ပုံတော့မရှိပေ။
.......................................................................နောက်တစ်ရက်ကုန်လွန်သွားခဲ့သည်။
ညဖက်တွင် အပြင်ဖက်မှ ပြင်းထန်သည့်လေက ပြတင်းပေါက်ကို တစ်ဖြူးဖြူးတိုက်ခတ်နေ၏။ တစ်ချက်တစ်ချက်ဘေးဖက်ရှိအိမ်မှ အကူအညီတောင်းသံများ ထွက်ပေါ်လာသည်။
နံနက်စောစောနိုးလာပြီးနောက် အပြင်ဖက်တွင် နှင်းများအများအပြားကျနေလေသည်။
ရေပိုက်ကိုဖွင့်လိုက်သောအခါ အထဲဖက်တွင်လည်းခဲနေပြီး ရေကကျမလာတော့ချေ။ဖူအန်မှာဖိနပ်စီးလိုက်ပြီး ဦးထုပ်ဆောင်းလိုက်ကာ အပြင်ဖက်ရှိသာမိုမီတာအားကြည့်လိုက်၏။ သာမိုမီတာတွင် အနုတ်လက္ခဏာပြနေလေပြီ။
အိမ်ထဲသို့ပြန်ဝင်ရန်ပြင်လိုက်စဉ်တွင်ပင် ရုတ်တရက်ဘေးဖက်အိမ်ရှိတံခါးပွင့်လာ၏။
စွန်းကျစ်ဖန်းမှာ လူ ၇ ယောက်၊ ၈ ယောက်ကိုခေါ်၍ထွက်လာခြင်းပင်။တစ်ညအတွင်းတွင်ပင် မေ့မေ့သားလေးဖြစ်ခဲ့သည့်စွန်းကျစ်ဖန်းမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်လာပြီး ပို၍ကြောက်တတ်လာပုံပေါ်သည်။
သူသည် လူအုပ်ကိုခေါ်လျှက် သူမတို့အိမ်ရှိရာဆီသို့ဦးတည်လာသည်။
တံခါးတွင်ရပ်နေသည့်ဖူအန်မှာ လည်ပင်းတစ်လျှောက် လေအေးများတိုက်ခတ်လာသောကြောင့် အင်္ကျီကော်လံထဲသို့ ဇတ်ပုဝင်မိသွားသည်။