အခန်း၏ သာမိုမီတာအားကြည့်လိုက်မိသည်။
အော်……….
မနေ့က အပူချိန်က ၂၈ ဒီဂရီဖြစ်နေသေးတယ်…………ဒီနေ့တော့ ၁၈ ဒီဂရီဖြစ်နေပြီ………သူမခန္ဓာကိုယ်ပေါ်တွင်ဝတ်ဆင်ထားသည့်လက်တိုအင်္ကျီဖြင့် မနေနိုင်တော့သဖြင့် ဖူအန်က လောင်းကုတ်အင်္ကျီရှည်နှင့်ဘောင်းဘီရှည်ကို ဝတ်လိုက်၏။
……………………………………နံနက်ခင်း၊ ၇ နာရီ…………
ဆောက်လုပ်ရေးလုပ်သားလေးဖြစ်သည့်အစ်ကိုတာ့ချမ်းမှာ အောက်ထပ်တွင် အလုပ်လုပ်နေပြီဖြစ်သည်။
သူလုပ်နေသည်မှာ ကြာမြင့်နေဟန်ရှိပြီး ချွေးများပင်စိုနေသည်။ သူဝတ်ထားသည့်စွပ်ကျယ်အင်္ကျီကြောင့် ခန္ဓာကိုယ်ရှိကြွက်သားအဖုအထစ်များကို မြင်နေရသည်။
လှလိုက်တဲ့ခန္ဓာကိုယ်လေး………
အစ်ကိုတာ့ချမ်းအကြောင်းတွေးနေစဉ်မှာပင် ရုတ်တရက်သူမနောက်ဖက်တွင် တစ်ယောက်ယောက်ရှိနေကြောင်း ခံစားလိုက်ရသည်။
ထိုအချက်က လူကိုဂဏာမငြိမ်ဖြစ်သွားစေသည်။
ဖူအန်က တစ်ခဏမျှငြိမ်အောင်ထိန်းလိုက်ပြီး အဝေးသို့တည်တည်ငြိမ်ငြိမ်ကြည့်လိုက်၏။ ထို့နောက် ဖုန်းကိုငုံ့ကြည့်လိုက်၏။အင်း…………….မနက်စာလုပ်ရမယ့်အချိန်ပဲ……….
ဖူအန်မှာ ခေါင်းကိုသာမန်ကာလျှံကာလှည့်လိုက်ပြီး ဖုရီရှီအား မထင်မှတ်ပဲတွေ့လိုက်သွားပုံပေါ်သည်။
“အိုး………အစ်ကိုဖု…………….နိုးပြီလား”
သူမမျက်နှာပေါ်ရှိ အံ့ဩသွားဟန်က အချိန်ကိုက်ပင်။
“ကျွန်မ မနက်စာသွားလုပ်မလို့……………..
ရှင်ဘာစားချင်လဲ?”“ပုံမှန်ပဲ”
ဖုရီရှီက သူမအား ဘာမျှမထူးခြားသလိုကြည့်လိုက်၏။ လူချောလေးက နောက်ထပ်စကားများများမပြောသည့် နေ့တစ်နေ့ပင်။
“အိုကေ”
ဖူအန်က ပြောလိုက်ပြီး ထွက်လာ၏။
မီးဖိုချောင်တွင် ပထမဦးဆုံး ကြက်ဥ ၃ လုံးကြော်လိုက်၏။ ထို့နောက် မနေ့ညက ရေစိမ်ထားသည့် ပဲပိစပ်များကိုစစ်လိုက်ပြီး ပဲနို့ကြိုလိုက်သည်။
