စိတ်ထဲတွင် ဖူအန်တိတ်တဆိတ်တွေး လိုက်၏။
ထိုအခိုက် သူမတင်ပါးတွင် ရုတ်တရက်အေးစက်စက်ခံစားလိုက်ရသည်။
ကြည့်လိုက်သောအခါ ပါးပါးဖုဖြစ်နေလေသည်။သူ့လက်ထဲတွင် အပြင်ဖက်မှယူလာသည့်မိုးသီးတစ်အိတ်ရှိနေခြင်းဖြစ်ပြီး ထိုအရာများက သူမတင်ပါးနားသို့ရောက်လာခြင်းပင်။
“အား”
ဖူအန်က အမူပိုစွာဖြင့် အော်ဟစ်လိုက်၏။
“အစ်ကိုဖု…………….ဒါတွေကို အဝေးယူသွား…………အမြန်လေးအဝေးယူသွားပါ”
ထိုအရာများမှာ အမှန်တကယ်ပင် သူမဘောင်းဘီမှတစ်ဆင့်အတွင်းဖက်ကိုပါ ဖောက်၍ အေးစက်နေစေသည်။
ဖုရီရှီက မျက်လုံးပင့်လိုက်ပြီး သူမအားအေးစက်စက်ကြည့်လိုက်ကာ ရေခဲတုံးအိတ်ကိုယူလိုက်၏။
“ဒါတွေကို အိမ်ထဲကိုယူသွားပြီး ကွကိုယ်သုံးလိုက်”
“အိုး”
ဖူအန်မှာ တင်ပါးကိုလက်တစ်ဖက်ဖြင့်ကာရင်း နောက်လက်ဖက်ဖြင့် အိတ်အားမလိုက်၏။
အထဲသို့မဝင်သွားခင်တွင် စုဆန်က သူမအားစိုးရိမ်တကြီးကြည့်၍ ကူညီပေးချင်နေသော်လည်း ဒဏ်ရာရသည့်နေရာမှာ အထူးနေရာဖြစ်နေ၍ သူတုန့်ဆိုင်းနေမိသည်။
မည့်သို့ပင်ဆိုစေ သူမ၏ဒဏ်ရာက သူ့အသက်ကို ကယ်ခဲ့သည်လေ။သူ၏အမူအရာကိုမြင်သောအခါ ဖူအန်က ပြဿနာမရှိကြောင်း လက်ဟန်ခြေဟန်ပြလိုက်၏။ သူမက လဲကျရုံသာဖြစ်ပြီး လူငယ်များမှာ ပြန်လည်ကောင်းမွန်နှုန်းမြန်ဆန်တတ်ကြသည်လေ။
သို့သော်လည်း သူတို့၏ ဘန်ဂလိုလေးမှာ ကပ်ဘေးအပြည့်နှင့်ပင် ဖြစ်နေသည်။
ပြင်ပြီးသည်မှာ လွန်ခဲ့သည့် ၂ ရက်ခန့်ကသာ ရှိသေးသည်။ ယခု မိုးသီးများကြောင့် ခေါင်းမိုးမှာ ထပ်မံပွင့်သွားပြန်ပြီဖြစ်သည်။တတိယထပ်ရှိ ရာဘာထုတ်ကုန်ပစ္စည်းများအပြင် နေရာထိုင်ခင်းများ၊ ကြမ်းပြင်များပါ ပျက်စီးခဲ့ရသည်။
ယခုတော့ တတိယထပ်မှာ လုံးဝကို နေထိုင်၍မရတော့သော်လည်း ခေါင်မိုးကိုမူ ပြုပြင်ရန် လိုအပ်နေသေးသည်။