ဖူအန်က သူ့ကိုပြုံး၍ကြည့်လိုက်ကာ အတွင်းစိတ်ကိုဖောက်မြင်နေရဟန်ဖြင့် သူ့ကိုနောက်ဆုတ်ရန်ပြောလိုက်၏။
ထို့နောက် ပတ်ဝန်းကျင်ရှိလူများမှာ သူမကို ပိုအာရုံစိုက်မိသွားကြသည်။
မလှမ်းမကမ်းနေရာတွင်ထိုင်နေကြသည့် အဖြုရောင်အင်္ကျီများဝတ်ထားသည့်ကောင်လေး ၂ ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ထရပ်လိုက်ကြသည်။
လက်ထဲတွင် ဝိုင်ခွက်များကိုကိုင်ကာ ဖူအန်ဆီသို့ ဖြည်းညင်းစွာဖြင့် လျှောက်လာကြပြီးနောက် မတော်တဆချော်လဲသွားကြသည်။ သူတို့လက်ထဲမှဝိုင်ခွက်များမှာ ခုံပေါ်မှ စုဆန်၏ဝိုင်ခွက်ထဲသို့ စင်သွားလေသည်။
“ဆောရီး”
ကောင်လေးတစ်ယောက်က တောင်းပန်လိုက်သည့်အသံဖြင့်ပြောလိုက်၏။
“မင်းရဲ့ဝိုင်တွေညစ်ပတ်သွားတဲ့အတွက် ငါတို့ နောက်တစ်ခွက်ဝယ်ပေးပါရစေ”
ထိုစကားကိုကြားသောအခါ ဖူအန်ကြောင်သွားသည်။
ယခုနကလေးတင်စိတ်ဝင်တစားဖြင့်ကြည့်ခဲ့သည့် အဖြုရောင်ကောင်လေး ၂ ယောက်မှာ ယခုပင် သူမဘေးတွင် ထိုင်နေကြလေပြီ။
အစ်ကိုစုမှ ယခုလေးတင်ပြောခဲ့သည်များကိုတွေးလိုက်ပြီး သူတို့က သူမကိုလာဖမ်းကြသည်များလားဟု စိတ်ဂဏာမငြိမ်ဖြစ်ပြီး တွေးလိုက်မိသည်။
ဖူအန်ကလက်ညိုးကို ဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်မှ အနက်ရောင်ကတ်ကိုပြန်ဆွဲလိုက်သည်။
မောင်ငယ်လေးမှာ ချောမောလှသော်လည်း သူမမှာ ချမ်းသာသည်ဟု ဟန်ဆောင်နေခြင်းပင်။ အမှန်တကယ်မှာ ဆင်းရဲလှသည်။
ခုနက ငါချမ်းသာတဲ့ပုံစံဟန်ဆောင်လိုက်တာ…………..မောင်ငယ်လေးတို့ အတည်ကြီးမမှတ်လိုက်ပါနဲ့………..
ပတ်ဝန်းကျင်ရှိလူများမှာ တစ်ဖြည်းဖြည်းများလာသည်။ ဖူအန်မှာ အနည်းငယ် ချုပ်တည်းမနေနိုင်တော့သည်ကို ခံစားလာရသည်။
အစ်ကိုတာ့ချမ်းဘယ်သွားနေတာလဲ?...........
ရှင်ဘယ်သွားနေလို့………….ဘာလို့ ခုထိပြန်မလာသေးတာလဲ?.........