ဖူအန်က စာဖတ်ပြီးသည်နှင့်အချိန်ကိုက် ဖုရီရှီအား ကြည့်လိုက်၏။ သို့သော်လည်း မည်သို့မျှ မတုန့်ပြန်ခံရသည့်အတွက် ပတ်ဝန်းကျင်အားကြည့်လိုက်သည်။
အခန်းထဲမှာစိုက်ထားတဲ့ပန်းအိုးထဲကအပင်ကိုင်းတွေကို ဖြတ်ရမလား?..........
အဲ့အကိုင်းတွေက ရိုက်ခံရတာနဲ့ကျိုးမှာပဲ.............သိပ်မရိုးသားတဲ့ပုံပေါက်နေမယ်.......
အင်္ကျီချိတ်တဲ့လက်ရန်းတိုင်ဆိုရင်ရော?........
မဖြစ်ဘူး..............ကြီးလွန်းတယ်.........
နောက်ဆုံးတွင် ဖူအန်မှာ ဗီရိုထဲမှ အင်္ကျီချိတ်ကို ရှာတွေ့သွားသည်။
ထိုချိတ်ကို ဖုရီရှီ၏လက်ထဲသို့ကမ်းပေးပြီး သူမလက်ဝါးကလေးကို ဆန့်ပေးလိုက်၏။
"ဖု..........အစ်ကိုဖု........ကျွန်မတောင်းပန်ပါတယ်နော်"
ဖုရီရှီသည် အေးစက်သောမျက်နှာထားဖြင့် အင်္ကျီချိတ်ကို ကိုင်ထားသည်။ ဖူအန်၏အကြည့်အောက်တွင်ပင် သူ၏သွယ်လျှသောလက်ချောင်းများမှ အားအနည်းငယ်စိုက်ထုတ်လိုက်သည်နှင့်.......
ကလစ်........
ခိုင်မာလှသည့်ကုတ်အင်္ကျီချိတ်သည့် ချိတ်မှာ ကွေးနေရာမှ ဖြောင့်သွားလေသည်။
ဖူအန်မှာ ကြည့်နေရာမှ အသက်အောင့်မိသွားသည်။သွားပြီ.............
တော်တော်နာတော့မှာပဲ............"ဒါကလည်း တောင်းပန်တာပဲလား?"
ဖုရီရှီက လက်ဆန့်ထုတ်လိုက်ကာ သူမလက်ချောင်းများကို ကိုင်လိုက်၏။ ထို့နောက် အခြားလက်တစ်ဖက်မှ အင်္ကျီချိတ်ဖြင့် အပေါ်မှ ရိုက်ချလိုက်သည်။
အပေါ်မှရိုက်ချလိုက်သည့်အခါ လေခွင်းသံတစ်ချက်ပင် ထွက်ပေါ်လာသည်။
ရွီ..............
ဖြောင့်တန်းနေသည့်အင်္ကျီချိတ်မှာ ဘေးတွင်ရှိသည့်စားပွဲကိုရိုက်မိသွားသည်။ စားပွဲပေါ်တွင် နက်ရှိုင်းသည့်အရာထင်သွားပြီး အင်္ကျီချိတ်မှာလည်း ၉၀ ဒီဂရီကွေးသွားလေသည်။
ငါတော့သွားပြီ.........
ဒီလိုရိုက်ချက်မျိုးနဲ့ဆို ငါအသက်ရှင်ပါတော့မလားပဲ?...........
