ယခုအချိန်တွင် ဖူအန်သည် အခန်း၏အပူချိန်အား ထိန်းညှိနေသည်။
အခန်းတစ်ခုလုံး၏အပူချိန်ကို ထိန်းသိမ်းရန် နည်းလမ်း ၂ မျိုးရှိသည်။တတိယထပ်တွင် လျှပ်စစ်သုံးပြီး ပထမထပ်နှင့် ဒုတိယထပ်တွင် ဘွိုင်လာမှလာသော အပူရှိန်ဖြင့် ထိန်းသိမ်းခြင်းဖြစ်သည်။
မီးလင်းဖိုသည် အခန်းနှင့်ချိတ်ဆက်ထားပြီး မီးလင်းဖိုတွင် မီးတောက်သည်နှင့် အပူချိန်က တက်လာမည်ဖြစ်သည်။သိသာစွာပင် ပါးပါးဖုမှာ လျှပ်စစ်ရလျှင် လျှပ်စစ်ကိုသုံးပြီး လျှပ်စစ်မရလျှင် လောင်စာကိုသုံးရန် စီစဉ်ထားခြင်းပင်။
ဖူအန်က တတိယထပ်ရှိအခန်းအပူချိန်ကို မြှင့်လိုက်၏။မကြာမှီပင် အခန်းတွင် စတင်နွေးထွေးလာသည်။ နံရံများရှိအပူကာပစ္စည်းများကြောင့်လည်း အခန်းမှာ ချွေးထုတ်ခန်သို့ရောက်နေသကဲ့သို့ ပူလာသည်။
ချွေးများ စတင်ကျလာသည်။
ဖူအန်မှာ တစ်ခုခုမှားယွင်းနေသည်ကိုခံစားမိပြီး လျှင်မြန်စွာဖြင့် ပြန်ပိတ်လိုက်၏။အခုအချိန် အနိမ့်ဆုံးအပူချိန်က ဂဏာန်း ၂ လုံးပဲရှိသေးတယ်………….ဒါက ယာယီသုံးလို့မဖြစ်သေးဘူး……
ထိုအခိုက်တွင် အောက်ထပ်မှာ သူမကိုခေါ်သည့်အသံတစ်သံထွက်ပေါ်လာသည်။
ခေါ်သူမှာ ဖုရီရှီပင်။၂ ယောက်သား စုဆန်ကိုအိမ်စောင့်ထားခဲ့လျှက် ကားမောင်းထွက်လာခဲ့ကြသည်။ အစ်ကိုတာ့ချမ်းမှာ အိမ်အတွင်းပိုင်းလုပ်ပြီးသည်နှင့် အိမ်အပြင်ဖက်အား ကြံ့ခိုင်စေရန် စတင်လုပ်ဆောင်နေသည်။ သူသည် အလုပ်ကြိုးစားပြီး လုပ်နိုင်စွမ်းရှိသည့်ခရုလေးတစ်ကောင်ကဲ့သို့ပင်။
ပွမ်…..ပွမ်……..
ရုတ်တရက် ကားဟွန်းသံမြည်သွားသည်။
ဖူအန်ကြည့်လိုက်သောအခါ ထရပ်ကားကြီး ၂ စီးက ရှေ့တွင် ပိတ်နေကိုမြင်လိုက်ရသည်။လမ်းကလည်း မကျယ်လှပေ။ သူတို့မှာ ကားရွေ့ရင်း အချိန်ဖြုန်းနေကြသလိုပင်။
“အစ်ကိုဖု…………စိတ်မပူပါနဲ့…………ကျွန်မတို့လည်း အမြန်မလိုပါဘူး”