“အစ်ကိုတာ့ချမ်း………………..ဘာဖြစ်လို့လဲ?”
အပြင်ဖက်မှ အသံများကိုကြားရသောကြောင့် ဖူအန်မှာ ယောက်မကိုကိုင်၍ ထွက်လာခဲ့သည်။
“ဘာမှမဟုတ်ပါဘူး…………….တစ်ယောက်က ဆေးလာတောင်းရင်း ငါ့ကိုလာရှုပ်နေလို့”
စုဆန်ကပြောရင်းသူမကိုကြည့်လိုက်၏။
“ဆွယ်တာတစ်ထည်တည်းဝတ်ပြီး အောက်ဆင်းမလာနဲ့……………အပြင်မှာအေးတယ်”
“အိုး………အင်းပါ”
ထိုစကားကိုကြာသောအခါ ဖူအန်ခေါင်းညိတ်လိုက်၏။
စကားပြောကြပြီးနောက် ကိုယ်အလုပ်ကိုလုပ်ရန်ပြင်လိုက်ကြသည်။စုဆန်မှာ အခန်းထဲမှထွက်သွားရန်ပြင်လိုက်သည့်အခိုက်တွင်ပင် ဖူအန်မှာရုတ်တရက် ချော်လဲကျသွားသည်။
ဘမ်း…….ဘမ်း………ဘမ်း………
.
ခပ်အုပ်အုပ်အသံတစ်ချို့ထွက်ပေါ်လာ၏။
သူမမှာလှေကားပေါ်မှ ဖင်ထိုင်လျှက်သားကျသွားသည်။ဖူအန်………?
ငါဒီလိုလဲမကျတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိ……….
ဖူအန်၏အက်ဆီဒန့်ကြောင့် စုဆန်ရပ်တန့်သွားကာ ပြန်လှည့်၍မေးလိုက်သည်။
“မင်းအဆင်ပြေရဲ့လား?”
နောက်တစ်ခဏမှာပင် ‘ဘမ်း’ခနဲအသံတစ်ချက်ကြားလိုက်ရသည်။
လက်သီးဆုပ်ခန့်ရှိသည့်ရေခဲတုံးတစ်တုံးမှာ ကောင်းကင်ပေါ်မှကျလာပြီး တံခါး၏ရှေ့ဖက်ကို လာမှန်ခြင်းပင်။ ဘမ်းခနဲမြည်သံနှင့်အတူ ရေခဲတုံးမှာ ကြေမွသွားပြီး နံရံတွင်လည်း ရိုက်မိသည့်အရာတစ်ခုဖြစ်သွား၏။
အကယ်၍စုဆန်သာ အခုနေလမ်းလျှောက်သွားခဲ့လျှင် ထိမိမည့်သူမှာ သူပင်ဖြစ်သွားပေလိမ့်မည်။
ကွဲကြေနေသည့်ရေခဲတုံးနှင့်ခြေတစ်လှမ်းသာကွာတော့သည့်စုဆန်မှာ ထိုသည်ကိုကြည့်လိုက်ပြီး ၂ စက္ကန့်မျှ ကြောင်သွားပြီး ပြောလိုက်၏။“ငါသွားအုန်းမယ်”
ဤအရာကား အစသာဖြစ်သည်။
ဘမ်း………ဘမ်း………….ဘမ်း……………
မိုးသီးကြီးများကြွေလာပြီး ကောင်းကင်ပေါ်မှ မိုးများသဖွယ်စတင်ရွာကျလာသည်။