“အဲ့အကြောင်းတွေးနေတာထက် မင်းမြန်မြန်လုပ်တာပိုကောင်းမယ်”
ထိုစကားများကိုကြားသည့် ယောကျ်ားဖြစ်သူက ပြောလိုက်၏။
သူတို့မှာ နှေးကွေးနေသဖြင့် ပိုကောင်းသည့်အုတ်ကြွပ်ပြားများကို အရင်လာသူများက ကောက်ယူသွားကြပြီဖြစ်သည်။
ယခင်က နေရာတိုင်းတွင်မြင်တွေ့နေခဲ့ရသည့်သစ်ပင်များကိုလည်း တိတ်တဆိတ်ပင် ဆွဲယူသွားကြပြီဖြစ်သည်။မည်သည့်အချိန်စမှန်းမသိသော်လည်း လမ်းအပြင်ဖက်မှာ ပို၍အန္တရယ်များလာသည်။ မရှင်းလင်းရသေးသည့် အလောင်းများမှာ နေရာတိုင်းတွင် မြင်နေရသည်။ အချို့လူများမှာ လူသူကင်းရှင်းသည့်အချို့နေရာများကိုပင် ဓားပြတိုက်နေကြပြီဖြစ်သည်။
အလောင်းများကိုမြင်ရခြင်းကို အစပိုင်းတွင်ကြောက်ရွံ့ခဲ့သော်လည်း ယခုအချိန်တွင်မူ ရိုးနေပြီဖြစ်သည်။
အုတ်ကြွပ်ပြားများကိုကောက်နေသည့်လူက အဝေးမှ တစ်စုံတစ်ခုကို မြင်သွား၏။ အိမ်ခြေယာမဲ့တစ်ဦးက အလောင်းမှ အင်္ကျီများကိုယူနေခြင်းပင်…………
ထိုလူက မြင်လိုက်သည့်တစ်ခဏတွင် ကြောင်အသွားပြီး အဖော်မိန်းမအား အလျှင်အမြန်ပုတ်လိုက်ပြီး ညွန်ပြလိုက်၏။
“ဟိုကိုကြည့်စမ်း”
“ဘုရားရေ”
မိန်းမက အံ့ဩတကြီးရေရွတ်လိုက်၏။
သူတို့ ၂ ယောက်၏အသံကြောင့် ဆံပင်များရှုပ်ပွနေသည့်အိမ်ခြေယာမဲ့လူမှာ လက်ထဲတွင်အဝတ်များကိုင်လျှက် သူတို့ကို သတိထားမိသွားသည်။
သူ၏ဝေဝါးနေသည့်အကြည့်များက သူတို့ဆီသို့ရောက်လာသည်။
ထိုသည်ကိုမြင်သောအခါ မိန်းမက ယောကျ်ားဖြစ်သူ၏ပုခုံးကို အလျှင်အမြန်ပုတ်လိုက်ကာ…….“သွား…….သွား……”
…………………………………………………………ဂိမ်း၏ ၁၇ ရက်မြောက်နေ့………
လွန်ခဲ့သည့် ၂ ရက်တွင် နောက်ထပ် မိုးသီးမုန်တိုင်းထပ်ကျလာခဲ့သော်လည်း မိုးသီးများ၏အကြီးဆုံးအရွယ်အစားမှာ ခိုဥလောက်သာရှိသဖြင့် အပျက်အစီးမှာ ပထမတုန်းကလောက် မများပေ။ သို့သော်လည်း အပူချိန်မှာ ၁ ဒီဂရီ၊ ၂ ဒီဂရီအထိကျသွားသည်။