“ဟမ့်”
နှာခေါင်းရှုံ့လိုက်သည့်အသံက မိမိနားဆီသို့ ရောက်လာ၏။ သိသာစွာပင် ပါးပါးဖုမှာ အမှန်တကယ်စိတ်ဆိုးနေလေပြီ။
ထို့နောက်ချက်ချင်းပင် ကုတ်အင်္ကျီတစ်ထည်က သူမခေါင်းပေါ်မှကျလာ၏။ ဈေးကြီးလှသောသားမွှေးများကြောင်း ခန္ဓာကိုယ်ကိုနွေးထွေးသွားစေသည်။
ဖူအန်မှာအင်္ကျီအောက်တွင် လက်ကိုတင်းတင်းဆုပ်လိုက်ပြီး ကျွမ်းယွမ်ယွမ်အဖေဖမ်းမိစဉ်က သူမတွေ့ကြုံခဲ့ရသည်များအား ပြန်တွေးလိုက်၏။
အချိန်အလွန်ကြာမြင့်နေပြီဖြစ်သဖြင့် သူမ ကောင်းကောင်းမမှတ်မိတော့ပေ။
ကားမှာ ဟိုတယ်ဆီသို့မောင်းလာခဲ့သည်။
၃ ယောက်လုံးအမြင့်ဆုံးအထပ်ဆီသို့ ဓာတ်လှေကားစီးလာခဲ့ကြသည်။
အခန်းဆီသို့ပြန်ရောက်သောအခါ ဖူအန်မှာ စုဆန်၏ဘေးတွင်လိမ်လိမ်မာမာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဖုရီရှီပြောမည်ကို စောင့်နေလိုက်သည်။
ဖုရီရှီသည် ဟိုတယ်အခန်း၏တည်ဆောက်ပုံအား အေးစက်သည့်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး…….
“အရင်ဆုံးအဝတ်အစားတွေ အရင်သွားလဲကြ”
ဒါက ပြစ်ဒဏ်ကို ရွှေ့ဆိုင်းလိုက်တာလား?.........
ဖူအန်မှာ အစ်ကိုတာ့ချမ်းကို တစ်ချက်ကြည့်လိုက်ပြီး လိမ်လိမ်မာမာဖြင့် အခန်းဆီသို့ ပြန်သွားလိုက်သည်။
လျှင်မြန်စွာဖြင့် အဝတ်အစားလဲလိုက်၏။
သု့သော်လည်း အပြင်ထွက်၍ အမှားဝန်ခံရန်မှာမူ အလွန်ရှက်စရာကောင်းလှသည်။ဂျိန်း…..
အပြင်ဖက်တွင် မိုးသည်းထန်စွာ စတင်ရွာသွန်းလျှက်ရှိသည်။
မိုးချုန်းသံများနှင့် မိုး……….
ထိုအရာက သူမအပြင်ထွက်သောအခါ တွေ့ကြုံရမည့်အရာများအား ညွှန်ပြနေသလိုပင်။
ဖူအန်က အပြစ်ဒဏ်ကိုလျှော့ပေါ့စေရန် လုပ်သင့်သည့်အရာများရှိသလားဟု တွေးတောမိသည်။