အခန်း (၃၃၇) လုံးဝသုည (၂၀)

225 36 0
                                    


ဂိမ်း၏ ၁၂ ရက်မြောက်နေ့………….

အပူချိန်က ၂ ဒီဂရီ၊ ၃ ဒီဂရီချင်းစီ ဆက်တိုက်ကျဆင်းနေသည်။

၃ ယောက်လုံး၏ ကြိုးစားအားထုတ်မှုများကြောင့် အိမ်မှာ နောက်ဆုံးတော့ ပြင်ဆင်ပြီးသွားသည်။

သူတို့ စတင်၍ ခေါင်မိုးကို ကြံ့ခိုင်အောင်ပြုလုပ်လိုက်သည်။ ခြံထဲရှိသစ်များ၏တစ်ဝက်လောက်ကို ပြန်ယူလာပြီး စတင်ပုံသွင်းလိုက်ကြသည်။

ဂိမ်၏ ၁၃ ရက်မြောက်နေ့………….

အပူချိန်မှာ ဂဏာန်း ၁ လုံးတည်းသာကျန်တော့သည်။ အမြင့်ဆုံးအပူချိန်မှာ ၉ ဒီဂရီဖြစ်ပြီး အနိမ့်ဆုံးမှာ ၆ ဒီဂရီဖြစ်လာသည်။

ရက်အတော်ကြာအောင် ပင်ပင်ပန်းပန်းလုပ်ခဲ့ရသည်က တန်လေသည်။
သူတို့အိမ်မှာ အပြင်ကထက်ပို၍နွေးလာသည်။

ထို့ထက်ပို၍ ဖူအန်သည် ညဏ်သုံး၍အပြင်ဖက်ရှိအသုံးမဝင်တော့သည့်အုတ်ခဲများကိုယူလာပြီး မီးလင်းဖိုဘေးတွင် မီးဖိုလေးတစ်ခုဆောက်လိုက်၏။
ထိုအပေါ်တွင် ဟင်းချက်စား၍ရသလို အပူပေးရန်အတွက်လည်း သုံးနိုင်သည်။
ခဲတစ်လုံးတည်းနှင့် ငှက် ၂ ကောင်ပစ်သည်ဟုပင် ပြောနိုင်လေသည်။

အိုးထဲတွင် ကြက်သား စတူးချက်ထားသည်။
ကြက်သားဟင်း၏ရနံ့မှာ သင်းပျံ့နေပြီး အပေါ်ဖက်တွင် ဆီအနည်းငယ်ဝေ့နေသည်။ ပူလောင်သည့်ဟင်းအငွေ့များမှာ အနံ့များနှင့်အတူ အပေါ်ဖက်သို့တက်နေသည်။

အေးမျှသည့်နေ့တွင် တစ်ဇွန်းခန့်မြည်းလိုက်ရခြင်းသည် မည်မျှကောင်းမွန်လှမှန်း ပြောမပြတတ်အောင်ပင်။

အစ်ကိုတာ့ချမ်းမှာ အကြိမ်အတော်များများလာကြည့်နေသည်။ သို့သော်လည်း နောက်ဆုံးတစ်ခေါက်တွင် တစ်ယောက်တည်းစကားပြောပြီးထွက်သွားသည်။ သူ့ကိုယ်သူထိန်းချုပ်နေပုံရသည်။

ဖူအန်က သူ့ကိုကြည့်လိုက်ပြီး ကြက်သားစွပ်ပြုတ်ကို ခွက် ၃ ခွက်တွင်ထည့်လိုက်၏။
ပထမဆုံးခွက်မှာ ပါးပါးဖုအတွက်ပင်။ ထို့နောက် စုဆန်ကိုပေးလိုက်၏။

“အစ်ကိုတာ့ချမ်း………..အစ်ကို့ဟာ”

နာကျင်မှုက အလကားတော့မဟုတ်ဘူးပဲ………….

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now