အခန်းမှာ တိတ်ဆိတ်နေသည်။
စုဆန်မှာ သူ၏ပုခုံးမှစ၍ ခြေထောာက်အထိနာကျင်မှုများကြောင့် ထုံထိုင်းသည်အထိပင် နာကျင်နေခဲ့သော်လည်း ဤအခိုက်တွင် မလှုပ်ရဲပေ။
ရှောင်အန်ကို အပြင်ကိုခေါ်သွားသည့်ကိစ္စနှင့်ပတ်သတ်၍ မာစတာဖုအမှန်တကယ် ဒေါသတကြီးဖြစ်လိမ့်မည်ဟု သူမမျှော်လင့်မိခဲပေ။
မာစတာဖုဒီလိုဖြစ်တာ နောက်ဆုံးဘယ်လောက်တောင်ကြာနေပြီလဲ………
ယခုအချိန်ရှိအခြေအနေများကြောင့် စုဆန်မှာ ‘မန်’ ရှိသူ၏ဘဝလည်း အပြီးသတ်ချိန်ရောက်ခါနီးလာပြီဟုပင် ခံစားလာရသည်။
ယခုအချိန်တွင် သေတော့မည်ဟုပင် ခံစားနေရသည်။ဖုရီရှီပြန်ရောက်လာပြီး စကားပြောသည့်အချိန်အထိပင်။
“ဒီတစ်ကြိမ်က ဥပမာပဲ”
ထိုစကားကိုကြားသောအခါ စုဆန်မှာ ယုံမှားသံသယများပင်ဖြစ်သွားသည်။
မာစတာဖုသည် ကိစ္စရပ်များကို ဆောင်ရွက်သည့်အချိန်တွင် ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်လှသည်။ လွယ်လွယ်ဖြင့် သူ့ဆုံးဖြတ်ချက်ကို မပြောင်းတတ်ပေ။
စုဆန်၏အံ့ဩတကြီးမျက်နှာကိုကြည့်၍ ဖုရီရှီက သွယ်လျှသောလက်ချောင်းများနှင့် အနီရောင်စားပွဲခုံကိုတောက်နေ၏။
“ဒါပေမယ့်…………ဒီတစ်ကြိမ်တည်းပဲ”
ဖုရီရှီက မျက်လုံးမှေး၍ သူ့ကိုကြည့်လိုက်သည်။ သူဘာမျှမလုပ်သော်လည်း သူ့၏အရှိန်အဝါများကြောင့် စုဆန်မှာ မထိန်းချုပ်နိုင်ပဲ အသက်အောင့်မိလိုက်သည်။
“ငါ ထပ်ခါထပ်ခါ အမိန့်ပေးရတာမကြိုက်ဘူး……………အမိန့်မနာခံတာနဲ့ ချိုးဖောက်တာကိုလည်း မကြိုက်ဘူး”
“ဟုတ်ကဲ့”
လည်ချောင်းထဲသို့ရောက်နေပြီဖြစ်သောစုဆန်၏ နှလုံးသားမှာ နောက်ဆုံးမှ ရင်ဖက်ထဲသို့ ပြန်ရောက်နိုင်တော့သည်။
………………………………………..ဂိမ်း၏ ၄ ရက်မြောက်နေ့……..
အပြင်ဖက်တွင် ရွာနေသည့်မိုးမှာ နောက်ဆုံးတော့တိတ်သွားတော့သည်။
