“ရှင်တို့ ကားမောင်းပြီး အပြင်ဖက်မှာတစ်ချက်သွားကြည့်နိုင်ပါတယ်……….ဒါတွေရောင်းတဲ့နေရာရှိရင် ရှိမှာပေါ့”
ဖူအန်အကြံပေးလိုက်၏။
“ဒါမှမဟုတ် လမ်းပေါ်ကပဲ ကောက်လိုက်လေ…………..ကောင်းတဲ့ဟာတွေ ရှိနေသေးမှာပါ”
“အိမ်ကကားက မိုးသီးတွေကြောင့် ထိခိုက်နေပြီ……….ငါတို့ဘယ်လိုအပြင်ထွက်မှာလဲ?”
ဖူအန်ငြင်းလိုက်သည်နှင့် မိန်းမ၏မျက်နှာမှာ ညိုမည်းသွားပြီး သူမ၏လေသံမှာ အပြစ်တင်ရှုတ်ချသံများပါလာသည်။
“ပြီးတော့ မင်းက ငါတို့ကိုအမှိုက်တွေ ကောက်ခိုင်းတယ်ပေါ့?..............
လူတိုင်းက အိမ်နီးချင်းတွေပဲ……………မင်းဒီလိုလုပ်ဖို့လိုလို့လား?..................အလကားမပေးနိုင်ဘူးဆိုရင် ငါတို့ပိုက်ဆံနဲ့ဝယ်မယ်………..
ဒါတွေက တစ်ချပ်ကို နည်းနည်းပဲကျတာ…..”
“ရှင်တို့ဝယ်ဖို့ပိုက်ဆံပေးပေမယ့် ကျွန်မတို့က မရောင်းဘူး”
ဖူအန်ခေါင်းခါလိုက်ပြီးနောက် ပြတင်းပေါက်ကိုတွန်းလိုက်၏။
ဖူအန်အပေါ်မိန်းမ၏အမူအရာမှာ မယုံနိုင်ဟန်ဖြစ်သွားသည်။
သူမထင်ထားသည်က ဤမိသားစုရှိယောကျ်ားများမှာ ပြောဆိုရမလွယ်သည်ကိုသာထင်ထားခဲ့သည်။ မိန်းမများပါ ပြောရဆိုရမလွယ်သည်ကို မထင်ထားခဲ့မိချေ။ထိုသည်ကြောင့် သူမ၏အမူအရာမှာ ပြောင်းလဲသွားပြီး တံခါးရှေ့တွင်ရပ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ကြွက်စုတ်ကဲ့သို့ တစ်လမ်းလုံးကြားအောင် အော်ဟစ်ဆဲဆိုတော့သည်။
“သား……………ဒီမိသားစုရဲ့ စိတ်ဓာတ်ကိုကြည့်စမ်း……………
လူတိုင်းက အိမ်နီးနားချင်းတွေပဲ……………….နည်းနည်းလေး ယဉ်ကျေးပြီး အကူအညီပေးရတာ အရမ်းခက်ခဲနေလား?................
ငါတို့က သူ့ရဲ့ပစ္စည်းတွေကို မဝယ်နိုင်ဘူးတဲ့လား…………. ပျက်စီးနေတဲ့အုတ်ကြွပ်အပုံတွေပဲကို………..ဘယ်သူက ရတနာပစ္စည်းလို တန်ဖိုးထားကြမှာတုန်း?...............