အကြီးဆုံးသမီး

3.5K 219 0
                                    

Part 3

ကျန်းယန်ရှန့် သေခြင်းတရား၏အမှောင်ထုထဲမှ အလင်းရောင်ကိုတွေ့လိုက်ပြီးနောက် သူမ မျက်လုံးကိုဖွင့်လိုက်စဉ် သူမအိပ်ခန်းထဲတွင် ရှိနေသည်ကို သိလိုက်ရသည်။ သူမသည် လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက အပြင်တွင်လျောက်သွားကာ သူမနေထိုင်ရာအိမ်သို့ ပြန်မလာခဲ့ပေ။ ထို့အပြင့် ဒီအခန်းအပြင်အဆင်သည် သူမ အလယ်တန်းကျောင်းတက်တုန်းကပုံစံနှင့် တစ်ထပ်တည်းကျနေသည်။

ကျန်းယန်ရှန့် ရေချိုးခန်းထဲသို့ပြေးဝင်သွားကာ မှန်ကြည့်လိုက်မိသည်။ သူမ အရပ်ပိုပုသွားပြီး ခန္ဓာကိုယ်မှာလည်းပြားကပ်နေသည်။ သူမတွင် သန့်ရှင်းသောမျက်နှာလေးရှိပြီး ထိုမျက်နှာလေးက သူမ၏ဆယ်ကျော်သက်အရွယ်ကို ပြသနေသည်။

လွန်ခဲ့သည့်နှစ်များက ဖုန်းပေါ်မှ ရက်စွဲကိုကြည့်ပြီးနောက် အသုံးမပြုတာကြာပြီဖြစ်သော ကွန်ပြုတာကို ကြည့်လိုက်မိသည်။ နောက်ဆုံးတွင် ကျန်းယန်ရှန့်သည် သူမသေဆုံးပြီးနောက် အသက် ၁၅ နှစ် အလယ်တန်းတတိယနှစ်အရွယ်သို့ ပြန်လည်မွေးဖွားလာကြောင်း သုံးသပ်လိုက်မိသည်။

ကျန်းယန်ရှန့်သည် ထိုအချက်အလက်များကို နားလည်နိုင်ရန် အခန်းထဲရှိဆိုဖာပေါ်တွင် နှစ်နာရီကြာ ထိုင်စဉ်းစားခဲ့ရသည်။

အဲ့ဒီတော့ အရာအားလုံးကို ပြန်စဖို့ အခွင့်အရေးရလာပြီပေါ့လေ. ဟုတ်တယ် မဟုတ္လား.

သူမ ရုတ်တရက်ပင် အမှောင်ထုထဲမှအသံကိုသတိရသွားပြီး ထိုအသံက သူမကို နောက်ဘဝတွင် မှန်မှန်ကန်ကန်နေထိုင်နိုင်ရန် ဆုတောင်းပေးခဲ့သည်ကို မှတ်မိသွားသည်။

ကျန်းယန်ရှန့် စိတ်လှုပ်ရှားစွာဖြင့် ဆိုဖာပေါ်မှ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

ဟုတ်ပြီ. ဒီဘဝအသစ္က အရင်ဘဝဟောင်းလိုမျိုး ရှုပ်ထွေးမနေသင့်တော့ဘူး. သူမ မသေခင်အထိ ဒါကသူမ၏ကိုယ်ပိုင်ဘဝဆိုတာကို သတိမထားခဲ့မိဘူး။ တခြားသူတွေအတွက်နဲ့ ဘာလို့များမိုက်ရူးရဲဆန်ပြီး ကိုယ့်ဘဝကိုယ် ဖျက်ဆီးပစ်ခဲ့မိရတာလဲ.

အဲ့ဒီတော့ အခုက ဘာတွေဖြစ်နေမှာလဲ ဒီတစ်ကြိမ်မှာကော သူမ ဘာလုပ်သင့်လဲ

အကြီးဆုံးသမီး👩Where stories live. Discover now