Part 72
ကျန်းဟယ်လင်းလည်း အပေါ်တက်မည်ပြုစဉ် လျန့်ယင်းယင်း က ရှေ့မှ ပိတ်ရပ်လိုက်ကာ ပြောလေသည်။
"နင့် မုန့်ဖိုးကို ငါ မေ့သွားတယ်...ဟုတ်သားပဲ နင် ခရက်ဒစ်ကဒ် တစ်ခုဖွင့်လိုက်တယ်မလား....ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံကိုင်စရာ မလိုဘူး...ငါ့ကိုပေး..."
လျန့်ယင်းယင်းသည် ဈေးဝယ်ရာတွင် ခရက်ဒစ်ကတ်ကိုသာ သုံးရပြီး ကျန်းဟွမ်က ငွေပေးချေရသည်။
ကျန်းဟွမ်က ပိုက်ဆံကို ကိုင်သုံးခွင့်မပြုပေ။ထို့ကြောင့် ငွေသားကို သူမမက်မောသည်မှာ မဆန်းပေ။
ကျန်းဟယ်လင်း စိတ်ညစ်သွားသည်။
အစ်မဖြစ်သူ ပေးသောမုန့်ဖိုးကို မိခင်ဖြစ်သူသာ ယူသွားလျှင် ကျန်းယန်ရှန့် စိတ်ဆိုးသွားမှာ သေချာသည်။
ထိုအချိန်တွင် လျန့်ကျန်း က ဒေါသတကြီး ဝင်ပြောလိုက်သည်။
"ဟုတ်တယ်....ကလေးက ဘာလို့ မုန့်ဖိုး လိုချင်တာလဲ...ပိုက်ဆံသုံးဖို့ နေရာရှိလို့လား....နင်ဘာလိုချင်လဲ...နင်က ဘာတွေ လိုအပ်နေလို့လဲ....နင်က ကလေးဖြစ်ပြီး ငွေအများကြီးရနေတယ်...နင်...."
ကျန်းဟယ်လင်း ၏ မုန့်ဖိုးမှာ တစ်လလျှင် ယွမ် ၁၀,၀၀၀ ဆို၍ လျန့်ကျန်း မနာလိုဖြစ်သွားသည်။ သူ့ လစာသည် ယွမ် ၁၀၀၀၀ မပြည့်ဘဲ ကလေးက တစ်လလျှင် ယွမ် ၁၀၀၀၀ ရနေလေသည်။
ကလေးမုန့်ဖိုးက ငါ့လစာထက် ဘာလို့ ပိုများနေရတာလဲ....
ကျန်းဟယ်လင်း သည် လျန့်ယင်းယင်းကိုသာ ပိုက်ဆံပေးလိုက်ပါက ကျန်းယန်ရှန့်ကို သစ္စာဖောက်ရာရောက်လိမ့်မည် ဟု ယူဆထားသည်။
ထို့ကြောင့် သူမက သတ္တိကို စုစည်းလိုက်ပြီး ပြောလိုက်၏။
"မပေးဘူး...အစ်မက သမီးကို မုန့်ဖိုးပေးထားတာ...ပိုက်ဆံကို မဖြုန်းရအောင်လို့ ..အကောင့်ကိုလည်း သူမက ပြန်စစ်မယ်လို့ ပြောတယ်..."
လျန့်ကျန်း အံ့သြသွားသည်။
"အဲ့ဒီပိုက်ဆံတွေကို ကျန်းယန်ရှန့် က ပေးတာလား...နင့်အဖေက ပေးတာမဟုတ်ဘူးလား...."
KAMU SEDANG MEMBACA
အကြီးဆုံးသမီး👩
Fiksi UmumEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...