Part 65
"ဒီနေ့ ဘာဖြစ်လို့လဲ...အဖေ့ကို မက်ဆေ့ခ်ျ ပို့တာလဲ..."
ကျန်းဟွမ် က မေးလိုက်သည်။
ကျန်းယန်ရှန့်က မထီလေးစားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"တစ်ယောက်ယောက်က သူ့ကိုယ်သူ ကျန်းမိသားစုရဲ့ သခင်လေး လို့ ထင်နေတယ်လေ... သူ့ကို လစာပေးရုံတင် မကဘူး...ကားနဲ့ အကြိုအပို့ပါ လုပ်ပေးစေချင်တာ...သူ့ကို ကောင်းကောင်း မဆက်ဆံပြန်ရင် နောက်တစ်ယောက်ကလည်း ကျေနပ်မှာ မဟုတ်ဘူး..."
မနက်က အဖြစ်အပျက်ကို သူမက ပြောပြလိုက်သည်။
"သူ့ကို ရှင်းရှင်းလင်းလင်း အဖေ ပြောပြထားရမှာပေါ့...အဖေ ဒီလိုသာ အလျှော့ပေးနေရင် သူတို့နောက်ဆို ဒီအိမ်ကို အပိုင်စီးသွားလိမ့်မယ်..."
"သမီးသိလား...သူတို့ကို အကျိုးပြုနေတဲ့ မိုးကောင်းကင်ကြီးကို မစော်ကားရဲပါဘူး...ယန်ယန်... ဆွေမျိုးတွေကို ဘယ်လိုမှ သွေးခွဲလို့မရဘူး..ပြီးတော့ လျန့်ကျန်း က တခြားအပြစ် တစ်ခုခု လုပ်ခဲ့သေးလား...သူက ဝံပုလွေတစ်ကောင်ဆိုရင် စောင့်ကြည့်ရမှာပေါ့...လောလောဆယ်တော့...သူအမှား မလုပ်သေးဘူး..."
ကျန်းယန်ရှန့် သည် ကျန်းဟွမ်ကို အမြဲ လျှော့တွက်ထားခဲ့သည်။အမှန်မှာ သူ့ စိတ်ထဲတွင် အရာအားလုံးကို နားလည်သဘောပေါက်သည်။
ထို့အပြင် ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း တို့အကြား ကွဲလွဲမှုများအကြောင်းကိုလည်း သိနေလေ၏။
သူမသည် ဖန်ခွက်ထဲမှ ပိုက်ကို သွားဖြင့်ကိုက်လိုက်ပြီး အသံအကျယ်ကြီး မြည်အောင် သောက်လိုက်သည်။
ဒီအတောအတွင်း ကျန်းယန်ရှန့် က ဖခင်ဖြစ်သူကို ရင့်ကျက်သည့် ခံစားချက်ကို ပေးစွမ်းပြီး သူ့ကို ပျော်စေခဲ့သည်။သူသည် သမီးဖြစ်သူနှင့် သင့်မြတ်ပြီး ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို နှစ်သက်ပြီး သူ လက်ကိုင်ထားသည့် အမှန်တရားအချို့ကို သင်ပေးရသည့်အတွက် ပျော်သည်။
"ဒါပေမယ့် အချိန်မီ ပြုပြင်ပြီး ထိန်းချုပ်လို့ မရတဲ့အရာတွေ ရှိတယ်..."
သူမ ငြိမ်သက်သွားပြီး ကျန်းဟွမ် ကို မော့ကြည့်လိုက်သည်။
"နောက်ဆုံးတော့ အဲ့ဒီ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး နောက်ဆုံးရလဒ်ကို မခံနိုင်တော့ဘူး..."
ဥပမာအားဖြင့်၊ ကျန်းယန်ရှန့် သေဆုံးမှုနှင့် ကျန်းရှို့ချန် ၏ ရာဇ၀တ်မှုလည်း ဖြစ်သည်။ ထိုအချိန်တွင် ကျန်းဟွမ် သည် 'စိတ်ရှုပ်ထွေးခြင်း' နေပြီး အသက်ကြီးနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ထိုရလဒ်များကြောင့် သူ့စိတ်နှလုံး ပျက်စီးကြေမွခဲ့ရသည်။
ချက်ချင်းဆိုသလို ကျန်းဟွမ် ၏ စကားတို့ အဆက်ပြတ်သွားရသည်။
"အိုး...ရှို့ရှို့...ဒီကလေး..." သူက ပြေးဝင်လာသော ကျန်းရှို့ချန်ကို လဲမကျရန် သတိပေးလိုက်သည်။
"သမီးရဲ့အမေ ရှိနေသေးရင် ကောင်းမှာပဲ...သူမက ကလေးတွေကို သွန်သင်ဆုံးမတတ်တယ်..."
တစ်ချိန်က သူ့ဇနီးသည်,သည် သမီးလေးကို ကောင်းကောင်း ဆုံးမနိုင်သူဖြစ်၍ သူတို့မိသားစုသည် အစဉ်သဖြင့် နွေးထွေးနေခဲ့လေသည်။
ထို့နောက် ကျန်းဟွမ်သည် ပြောပြီးပြီးချင်း စကားမှားသွားမှန်း သိလိုက်သည်။
အကယ်၍ ကွယ်လွန်သူဇနီး အသက်ရှင်နေသေးပါက တရားမ၀င်ကလေး ကျန်းရှို့ချန် ကို သဘောထားကြီးစွာ ဆုံးမမည်မဟုတ်ပေ။
ကျန်းယန်ရှန့်က စကားတစ်ခွန်းမှ မဆိုဘဲ ဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သောအခါ ဖန်ကွဲစများ၊ ရေခဲတုံးများနှင့် ဖျော်ရည်များသည် ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားလေသည်။
"အဖေမှားသွားတယ်...အို...ဒီပါးစပ်ကလည်း ...သမီး အမေအကြောင်း ပြောမိတာ အဖေ တောင်းပန်ပါတယ်..."
ကျန်းယန်ရှန့် ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ကျန်းဟွမ်ကိုသာ အတန်ကြာ စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် ကျန်းယန်ရှန့် ဒေါသတကြီး လှည့်ထွက်သွားလေ၏။
ယခင်က သမီးကြီးသည် တစ်နေကုန် ဆူညံပွက်လောရိုက်ပြီး ဒေါသကြီးသူ ဖြစ်သော်လည်း ယခုမူ သွေးအေးစွာ ဖြေရှင်းတတ်သူ ဖြစ်လာသည်။
ထို့နောက် ကျန်းဟွမ်က အိမ်အကူ တစ်ယောက်ကို ခိုင်းလိုက်သည်။
"ဒါကို ရှင်းလိုက်..."
အိမ်အကူ အဒေါ်က အမှိုက်များကို ရှင်းလင်းနေစဉ် ကျန်းဟွမ်သည် တစ်ရှူး ဖြင့် ဘောင်းဘီ နှင့် ဖိနပ်ကို သုတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။
ကျန်းဟွမ် လှေကားထိပ်သို့ရောက်သည်နှင့် လျန့်ယင်းယင်း နှင့် လျန့်ကျန်းတို့၏ အသံကို ကြားလိုက်ရသည်။
Xxxxxx
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...