Chapter 185
ကျန်းယန်ရှန့် စိတ်ပျော်ရွှင်နေပြီးသူမ၏ စိတ်ထားမှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။ ယခု သူမအချိန်အတော်ကြာအောင် တွက်ချက်နေရသည်။ သူမ၏ ကိုယ်ပိုင်ငွေ ၄ သန်းကို မသုံးရန် ဖခင်ဖြစ်သူက ပြောထားသော်လည်း ထိုငွေကို သိမ်းထားပါက အသုံးမဝင်ဟု သူမထင်သည်။ထို့ကြောင့် သူမက ယွမ်ငွေ ၄ သန်းကို 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' အတွက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။
ဤပရောဂျက်သည် အကျိုးမရှိသောရင်းနှီးမြှုပ်နှံမှု တစ်ခုဟု သူမ မယူဆပေ။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးအချက်မှာ သူမ သေသေချာချာ အစီအစဉ် ဆွဲထားခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အချက်မှာ ယွမ် ၄ သန်းသည် ကျန်းယန်ရှန့် အတွက် 'အပိုငွေ' မျှသာဖြစ်သည်။ အကယ်၍ ရင်းနှီးမြှုပ်နှံလိုက်၍ ဆုံးရှုံးသွားပါကလည်း သူမအတွက် အသေးအဖွဲ့မျှသာ ဖြစ်သည်။
ယခုကိစ္စ ပြေလည်သွားပြီဖြစ်သည်။
ရှုလီချန် ပိုက်ဆံ မည်မျှရလာမည် ဆိုသည်ကို စောင့်ရန်သာ လိုတော့သည်။ ရှုလီချန်သည် အမြတ်အစွန်းရနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၁၀၀ % သိထားသူ ဖြစ်သည်။ထို့အပြင် သူမ၏ ယခင်ဘဝတုန်းက သူသိပ်ကြိုက်ခဲ့သည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။
ထို့နောက် ကျန်းယန်ရှန့် သည် သူ့မိခင်ဘက်မှ တော်စပ်သည့် ဦးလေးဖြစ်သူကို စဉ်းစားမိသွားသည်။ သူမနှင့် နီးစပ်သူ အများအပြား မရှိသော်လည်း ထိုဦးလေးသည် သူမအတွက် အလွန်အရေးပါသူ ဖြစ်သည်။
ထို့နောက် ကျန်းယန်ရှန့် က သူ့ဦးလေး ကို ဖုန်းခေါ်လိုက်ပြီး နှုတ်ဆက်လိုက်ကာ အလုပ်အကြောင်း စကားစလိုက်သည်။ ထို့နောက် သူမက"နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" အကြောင်းကို ယနေ့ရုံးချုပ်၏ အစည်းအဝေးခန်းတွင် ပြောခဲ့သလို အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်သည်။
ဦးလေး ဖြစ်သူက ပြုံးလိုက်ရင်း ပေးလိုက်သည်။
“သမီး..ဦးလေးဆီကပိုက်ဆံ တောင်းချင်လို့လား...ဟုတ်ပါပြီ...ဦးလေး က ယွမ် ၅၀၀၀၀၀ ပေးမှာပါ...”
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...