Part 66
"အိမ်အကူအဒေါ်တွေ စျေးဝယ်ထွက်တဲ့ကားကို မောင်းရတာ ရှက်စရာကြီး....ပြီးတော့ ကားက မော်ဒယ်အောက်နေပြီ..."
" မမောင်းချင်ရင် မမောင်းနဲ့...ဘတ်စ်ကားပဲ စီးလိုက်...ဘာတွေ အိပ်မက်မက်နေတာလဲ... အဲ့ဒီကားရဲ့ ဆေးသားနဲ့တင် ယွမ်၆သန်းကျတယ်...နင့်လစာကို ဆယ်နှစ်စုထားရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး..."
ကျန်းဟွမ်သည် လှေကားထစ် နှစ်ထစ်ကို ဆက်တက်လိုက်သော်လည်း တူဝရီးနှစ်ယောက်က သူ့ကို မမြင်ကြဘဲ ဆက်လျှောက်သွားကြသည်။
ထို့နောက် လျန်းယင်းယင်းက လျန့်ကျန်းကို ပြောရန် နောက်လှည့်လိုက်ရာ ကျန်းဟွမ်ကို မြင်သွားလေသည်။
ကျန်းဟွမ်က လှေကားထစ်ပေါ်တွင် ခြေလှမ်းကို ရပ်လိုက်ပြီး လျန့်ကျန်းကို ပြုံး၍ ပြောလေသည်။
"အဲ့ဒီ BMWက ဟောင်းနေပြီ...."
လျန့်ကျန်း သည် ဦးလေးဖြစ်သူက သူ့ကို ထောက်ခံလိုက်သဖြင့် ဝမ်းသာသွားသည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး...မင်းဒီမှာ အကြာကြီး မနေရဘူးဆိုတော့ ရက်ပိုင်းလောက်ပဲ မောင်းရတော့မှာ...ပြီးတော့တတ်နိုင်သမျှ အိမ်မြန်မြန်ရှာ...မြေအောက်ရထာဘူတာ၊ ဘတ်စ်ကားမှတ်တိုင် အဲ့ဒီလို သွားလို့လာလို့ ကောင်းတဲ့နေရာကိုရှာ..."
ကျန်းဟွမ်က စကားကို ခဏရပ်လိုက်ပြီး ဆက်ပြောပြန်သည်။
"ကုမ္ပဏီမှာ အိမ်ငှားပေးတဲ့ ပွဲစားတွေ အများကြီးရှိတယ်....လူ့စွမ်းအားအရင်းအမြစ်ဌာနကို သွားပြီး မေးလို့ရတယ်..."
သူက ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားလေသည်။
လျန့်ကျန်း က ပြန်ပြောမည်ပြုစဉ် လျန့်ယင်းယင်းက သူ့ခြေထောက်ကို နင်းထားလိုက်သဖြင့် အားခနဲ နာကျင်စွာ အော်လိုက်သည်။သို့သော် ကျန်းဟွမ်က တစ်ချက်မှပင် လှည့်မကြည့်ဘဲ မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားလေသည်။
"နင် တုံးလှချည်လား....ဘာဖြစ်ချင်နေတာလဲ...."
"မဟုတ်ဘူး...သူ ကျွန်တော့်ကို မောင်းထုတ်နေတာလား...ကျွန်တော်က သူ့တူပါ...ဒီလို တူဖြစ်သူကို မောင်းထုတ်တဲ့ဦးလေး ဘယ်မှာရှိလို့လဲ..."
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...