အကြီးဆုံးသမီး

2.4K 182 0
                                    

Part 11

မွေးနေ့ပွဲတွင် အဆင်မပြေမှုများရှိခဲ့သောကြောင့် မွေးနေ့ရှင်သည် ရွေးချယ်စရာမရှိဘဲ အပေါ်ထပ်သို့သွားကာ အဝတ်အစားအသစ်တစ်စုံ နှင့် မြဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ပြောင်းလဲဝတ်ဆင်လိုက်ရတော့သည်။

အဖွားလေးသည် ပွဲတော်ရက်များတွင် မြ ထက် ပတ္တမြားလက်ဝတ်ရတနာအား ပိုနှစ်သက်သည်ကို လူတိုင်းသိကြသည်။

ကျန်းယန်ရှန့်အဖွားသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး သိသာစွာဆိုးရွားနေသည်။

သို့သော် အဖွားသည် မွေးနေ့ပွဲပြီးဆုံးသည်အထိဒေါသကို သည်းခံထားပြီး ခြံထဲမှအထွက် သူမ၏ ကားပေါ်တက်ခါနီးအချိန်တွင်  မင်းရဲ့သားကို ကောင်းကောင်းမသင်ပေးနိုင်ဘူးဆိုရင် အနာဂါတ်မှာ ငါအရှက်ရအောင်လို့ သူ့ကိုထပ်မခေါ်လာနဲ့

ကျန်းဟွမ်သည် ယခုအချိန်တွင် ကျန်းရှို့ချန်ကို အနားခေါ်မထားရဲပေ။ လျန့်ယင်းယင်းကို ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်းအား သူတို့ကားပေါ်သို့အရင်ခေါ်သွားစေသည်။ ထို့ကြောင့် ယခုအချိန် သူ၏ရှေ့တွင် အဖွားနှင့် ကျန်းယန်ရှန့်သာ ရှိနေသည်။

စိတ်မဆိုးပါနဲ့ ကျန်းယန်ရှန့်က အဖွားလက်မောင်းကို ဆုပ်ကိုင်ရင်း နူးညံ့စွာနှစ်သိမ့်ပေးလိုက်သည်။  အဖွားအနေနဲ့ စိတ်ဆိုးဖို့မတန်ပါဘူး

သူမ၏ မြေးမလေးသည် နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည့်အတွက် ထိုမြေးမလေးမျက်နှာကိုကြည့်ပြီးနောက် ဒေါသများ အနည်းငယ်လွင့်စင်သွားသည်။ သို့သော် သူမ သားဖြစ်သူကိုကြည့်ပြီးနောက် စိတ်ညစ်သွားမိပြန်သည်။

ကျန်းယန်ရှန့်က ကျန်းဟွမ်ကို လှမ်းကြည့်လိုက်ပြီး  သမီး အေဖက ကလေးမထိန်းနိုင်ဘူးလေ အဲ့ကေလးက တကယ့်ဘိုးဘေးလေးလို အမြဲလုပ်နေတတ်တာ. မဟုတ်ရင် အခုလိုဘယ်ဆိုးသွမ်းနေပါ့မလဲ

အဖြားက ဒေါသထွက်လာပြီး ကျန်းဟွမ်ကို လက်ညှိုးထိုးကာ  အဲ့ဒါက ကေလးကို ကောင်းကောင်းမသင်နိုင်တဲ့ အဖေလုပ်တဲ့သူရဲ့အမှားပဲ မင်း သူ့ကိုသေချာမထိန်းနိုင်ရင် ယန်ယန်ကို ထိန်းခိုင်းလိုက်

အကြီးဆုံးသမီး👩Where stories live. Discover now