အကြီးဆုံးသမီး

2K 162 0
                                    

Part 44

လျန့်ယင်းယင်း အံ့အားသင့်သွားကာ ပို၍ပင် စိတ်မကောင်းဖြစ်မိသည်။

ဘာလို့ ကျွန်မကို မပြောတာလဲ...ကျွန်မက သူမ ရဲ့အေမပါ..."

ကျန်းဟွမ် က လှောင်ပြောင်ရင်း

"ဒါဆို မင်းရဲ့ သားသမီးတွေအပေါ် ပိုပြီး တွေးတောချင်စိတ် ရှိရမှာပေါ့...ဒါကို ယန်ယန်က သတိရပေးတယ်... ယန်ယန် က တတိယတန်း ကတည်းက သူမရဲ့ မုန့်ဖိုးကို စီမံခဲ့တာ...ဟယ်ဟယ် ကလည်း အရွယ် ရောက်လာပြီ... အစ္မျဖစ္သူ ယန်ယန် ကတောင် စိတ်မပူဘူး...မင်းက ဘာလို့မပျော်နိုင် ဖြစ်နေရတာလဲ...."

ကျန်းဟယ်လင်း စည်းကမ်းတကျ ဖြစ်ရန် ကျန်းယန်ရှန့် နှင့် လွှတ်ထားပေးပါ ဟု သူ ပြောချင်သည်။တစ်ယောက်တည်း ထားခဲ့စေချင်သည်ဟု သူပြောချင်သည်။သို့သော် ပြောချင်စိတ် မရှိတော့ပေ။

"ထမင်းစားကြရအောင်...." ဟု ပြောလိုက်တော့သည်။

ကျန်းရှို့ချန် က မျက်လုံးပြူးပြီး ဝင်ပြောလိုက်သည်။

သားလည်း မုန့်ဖိုးလည်း လိုချင်တယ်...

သူ လိုချင်တာ မှန်သမျှ ရနိုင်ပေမယ့် တကယ်တမ်းကျတော့ ပိုက္ဆံသုံးဖို့ ဘာမျှ နားမလည်သေးပေ။ ကျန်းဟယ်လင်း မုန့်ဖိုးရသည် ကို နားထောင်ရုံမျှဖြင့် သူလည်း လိုချင်လာသည်။ ထို့အပြင် ငွေသည် ကောင်းသောအရာဖြစ်သည်ကို သူသိသည်။ သူသည် လျန့်ယင်းယင်း ၏ ပိုက်ဆံအိတ်ထဲမှ အနီရောင်ငွေအချို့ကို အန္တီ ဝမ် ထံ ပေးအပ်ခဲ့ပြီး အိမ်စာလုပ်ရန် ကူညီခိုင်းခဲ့သည်။

သို့သော် အန်တီဝမ် က ငြင်းလိုက်သဖြင့် သူစိတ်ပျက်သွားရသည်။

လျန့်ယင်းယင်း က သဘောတူရန် ပြောမည် ပြုသော်လည်း ကျန်းဟွမ် က "သားက ငယ်သေးတယ်.ဟု ပြောသောကြောင့် သူမ ပါးစပ်ပိတ် နေလိုက်ရသည်။

ကျန်းရှို့ချန် သည် အလြယ္တကူ မရပ်တန့်နိုင်ဘဲ ဆူညံစြာ အော်ဟစ်နေတော့သည်။

"ပါးစပ္ပိတ္ထား..." ကျန်းယန်ရှန့် ရုတ်တရက် ပြောလိုက်သည်။

ကျန်းရှို့ချန် ကို ကောင်းကောင်း ဂရုမစိုက်နိုင်ပေမယ့် အနည်းဆုံးတော့ နောက်ပိုင်းတွင် တျခားသူမ်ား၏ သားသမီးတို့ကို မထိခိုက်စေဖို့ သူ့ကို စောင့်ရှောက် နိုင်သေးသည်။

အကြီးဆုံးသမီး👩Onde histórias criam vida. Descubra agora