Chapter 182
ကျန်းယန်ရှန့် ဤဇာတ်ဝင်ခန်း ကို ရှင်းလင်းစွာ မှတ်မိနေသည်။ ရှုလီချန်မှာ ထိုဇာတ်ဝင်ခန်းကို ၁၀ကြိမ်တိတိ ပြန်ကြည့်ခဲ့ပြီး ခွေးတစ်ကောင်လို ငိုကြွေးနေခဲ့သော်လည်း ရုပ်ရှင်ရုံမှ ထွက်လာသောအခါ ငိုခဲ့ကြောင်း ဝန်မခံခဲ့ပေ။ သူက ရုပ်ရှုင်ရုံတွင် ပိုးသတ်ရန် သုံးသည့် ဖော်မယ်လ်ဒီဟိုက်ကြောင့် မျက်လုံးများနီရဲသွားသဖြင့် ရုပ်ရှင်ရုံ၏ တာဝန်ရှိသူကို တိုင်ကြားမည်ဟုပင် ကြုံးဝါးခဲ့သေးသည်။
နောက်ပိုင်းတွင် ထိုကလေးသရုပ်ဆောင်လေးသည် နာမည်ကြီးလာခဲ့သည်။
“နာမည်ကြီး သရုပ်ဆောင်တွေ အားလုံးနီးပါးက ဧည့်သည် သရုပ်ဆောင် အဖြစ်ပဲ ပါမှာဖြစ်ပါတယ်.... အဓိက ဇာတ်ကောင်တွေ အားလုံးက နာမည်မကြီးပေမယ့် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေပါ.... တကယ်တော့ယွမ်သန်း ၁၅၀ ရင်းနှီးမြုပ်နှံမှုဟာ သရုပ်ဆောင်တွေရဲ့ အနုပညာကြေးထက် ထုတ်လုပ်ရေးပိုင်းမှာ ပိုပြီးအသုံးပြုမှာ ဖြစ်ပါတယ်....."
"ဒါက ထုတ်လုပ်မှု နောက်ပိုင်းမှာ ပါဝင်မဲ့ လုပ်ဖော်ကိုင်ဖက်ပါ....ဒါက လူထုကို တရားဝင်ချပြမဲ့ အစီအစဉ်ပါ..."
" ရုပ်ရှင်ရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီသရုပ်ပြဗီဒီယို(ဒီမို) ကို ကြည့်နိုင်ပါတယ်..... "
ကျန်းယန်ရှန့်သည် အဘွားကျန်းနှင့် ကျန်းဟွမ်တို့၏ မျက်နှာထားကို ဒီမိုပြနေစဉ် အကဲခတ်နေရာ နှစ်ယောက်စလုံးစိတ်ပါဝင်စားစွာ ကြည့်ခဲ့ကြပြီသဘောကျနေဟန် ရှိသည်။
"ဒါရိုက်တာ ရှယ် က စေတနာထားပြီး အနုပညာကို ဖန်တီးတတ်တဲ့ သူပါ...."
“စာပေဇာတ်ကားဆိုရင် လူကြိုက်များမှာ မဟုတ်ပါဘူး....ဒါပေမယ့် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကို ပိုလေးနက်အောင် ရိုက်ကူးလေလေ...ပိုနာမည် ကြီးလေပါပဲ...”
“အတိုချုပ်ပြောရရင် ဒီရုပ်ရှင်ဟာ ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်တယ်လို့ ကျွန်မ ထင်ပါတယ်...အဖေတို့ ဘယ်လိုထင်လဲ...."
ကျန်းယန်ရှန့်က လူကြီးနှစ်ယောက်ကို စိုက်ကြည့်နေသည်။ လူကြီးနှစ်ယောက်ကလည်း သူမကို စိုက်ကြည့်နေသည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...