Part 12
အစပိုင်းတွင် ကျန်းဟယ်လင်းကို သူမ အကြိမ်များစွာအော်ဟစ်ခဲ့သည်။ သို့သော်လည်း မျက်နှာသေးသေး ပါးဖောင်းဖောင်းလေးနှင့် ထိုကလေးမလေးသည် အတော်လေးစိတ်နုကာ သူမကိုယ္သူမ မငိုမိအောင်ထိန်းထားသည်ကို ခဏခဏတွေ့ပြီးနောက် ကျန်းယန်ရှန့်တစ်ယောက် သူမကိုထပ်မံအော်ဟစ်ဖို့ နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့်ပင် သူမအား မရှိသည့်လူတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့လေသည်။ သူမ၏ သေဆုံးမှုကြောင့်သာမဟုတ်လျင် ထိုကလေးမလေးသည် သူမအတွက် အမှန်တကယ်ငိုကြွေးခဲ့သည်ဟု ယုံမည်မဟုတ်ပေ.
က်လုဆဲဆဲ မျက်ရည်များပြည့်နှက်နေသည့် ထိုမျက်ဝန်းများသည် သူမအတွက် အလွန်စိတ်ဖိစီးလာသည့်အတွက် အဝေးသို့အကြည့်လွှဲလိုက်ရသည်။
သို့သော်လည်း ကျန်းဟယ်လင်းသည် သတိထားပြီးသူမအနားသို့ အတင်းကပ်လာသည်။ ထို့နောက် သူမ၏သေးငယ်သည့် ခန္ဓာကိုယ်လေးဖြင့်ကျန်းယန်ရှန့်ကို ထိကပ်ထားတော့သည်။
ကျန်းယန်ရှန့် တကိုယ်လုံးအေးခဲ့သွားပြီး ထိုအဖြစ်အပျက်မှ လွတ်မြောက်လိုစိတ်ဖြင့် သူမခေါင်းကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။ ကေလးမ်ား၏ ဗီဇစိတ်သည် အရမ်းထက်သန်တတ်ကြသည်။ သူတို့စိတ်ထဲတွင် လိမ်လည်မှုများမရှိသလို အလှည့်အပြောင်းများလည်း မလုပ်တတ်ပေ။ ထို့ကြောင့် အချိန်အများစုကို သူတို့စိတ်ထဲရှိသလို ပြုမူတတ်ကြသည်။
ကျန်းယန်ရှန့်တစ်ယောက် တစ်ကိုယ်လုံးတောင့်တင်းနေသော်လည်း စိတ်မရှည်စွာဖြင့် ထိုကေလးမကို တွန်းမထုတ်ပစ်ရက်ပေ။ အတိတ်တုန်းကနှင့်ယှဉ်လျင် သူမ အဆ တစ်ရာခန့် ပိုနူးညံ့လာပြီဖြစ်သည်။
ကျန်းဟယ်လင်းသည် ပိုမိုရဲတင်းလာပြီး သူမ တကိုယ္လုံးကို ကျန်းယန်ရှန့်ဆီသို့ မှီချလိုက်လေသည်။ သူမသည် အားကိုးတကြီးဖြင့် ကျန်းယန်ရှန့် ကိုယ်ပေါ်သို့ အမှန်တကယ် မှီချလိုက်ခြင်းဖြစ်သည်။ ကျန်းယန်ရှန့် တကိုယ္လုံး ခဏမျှတောင့်တင်းသွားပြန်သည်။ သူမ ဘေးရှိခန္ဓာကိုယ်သေးသေးလေးသည် တိရိစၧာလေးတစ်ကောင်နှင့်တူနေပြီး ထိုအကောင်လေးဆီမှ အမွှေးနံ့လေးပင် ရနေသည်။ ထို့အနံ့သည် ကလေးအသားအရေထိန်းသိမ်းသည့် ခရမ်င်အနံ့ဖြစ်ပြီး အရွယ်ရောက်လူကြီးများသုံးသည့် အနံ့နှင့်မတူပေ။
VOCÊ ESTÁ LENDO
အကြီးဆုံးသမီး👩
Ficção GeralEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...