Part 25
ကျန်းရှို့ချန် ဖုန်းပြောနေသည်ကို ကျန်းယန်ရှန့် မတော်တဆ ကြားလိုက်ရခြင်းဖြစ်သည်။သူပြောနေသည်မှာ အိမ္စာမ်ား လုပ်ပေးရန် တစ်စုံတစ်ယောက်ကို ပိုက်ဆံပေး၍ ခိုင်းမည်ဟူ၍ ဖြစ်သည်။
ကလေးဘဝတွင် လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူ အထွန့်တက်ခဲ့သည်။မူလတန်း အိမ္စာမ်ားမွာ လွယ်ကူသောကြောင့် ပိုက်ဆံပေးလျှင် အရင်အလုပ်သမား အန္တီမွာ ကူ၍လုပ်ပေးလေသည်။ကျန်းရှို့ချန် ပထမတန်းမှစ၍ အိမ္စာမ်ားကို သူမ ရေးပေးသည်။သို့သော် ထိုအရာမွာ အချိန်ကြာကြာ အလုပ်မဖြစ်ခဲ့ပေ။ထိုအန်တီသည် အဆင့်မြင့်ပညာရေးစနစ်ကို မသင်ယူခဲ့ရသောကြောင့် အထက်တန်းအိမ်စာများအား ကူရေးမပေးနိုင်တော့ပေ။
ကျန်းရှို့ချန်၏ အိမ္စာမ်ားကို ကြီးကြပ်ပေးရန် အန်တီဝမ်အား ကျန်းယန်ရှန့် ပြောလာသောအခါ အန်တီဝမ်သည် အလေးအနက်ထားခြင်း မရှိပေ။မိဘနှစ်ပါးလုံး ရှိနေသေးသောကြောင့် ကျန်းရှို့ချန်၏ကိစ္စများကို ကျန်းယန်ရှန့် ကိုင်တွယ်မည်မှာ မဖြစ်နိုင်ပါဟု သူမ တွေးလိုက်သည်။ထို့အပြင် ကျန်းယန်ရှန့်သည် ကလေးအမေတစ်ယောက်တောင် မဖြစ်လာသေးပေ။
သူမ၏ လုပ်ဆောင်ချက်များကို ကျန်းယန်ရှန့် မည်သို့ အတိအက် သိနေသည်ကို သူမ စဉ်းစား၍မရ ဖြစ်နေသည်။
ကျန်းဟယ်လင်း ခြေထောက်ဆောင့်လိုက်ပြီး "သူ့အိမ်စာတွေကို ရှင် ဘယ်လိုတောင် ကူလုပ်ပေးရဲတာလဲ.ဒါက သူ့ကို ထိခိုက်နစ်နာအောင် လုပ်နေတယ်ဆိုတာကို ရှင် မသိဘူးလား."
ကျန်းဟယ်လင်းမှာ စိုးရိမ်နေပြီး ဒေါသထွက်နေသည်။သွေးသားတော်စပ်မှုအရ ကျန်းရှို့ချန်သည် သူ့မောင် ဖြစ်နေသောကြောင့် သူမ အရေးစိုက်သေးသည်။ထို့ကြောင့် သူမ ဤအရာမ်ားကို ကြားရသောအခါ စိုးရိမ်ပူပန်လာသည်။
"သုံးတန်းကလေးတောင် ဒါက မလုပ်သင့်ဘူးဆိုတာ နားလည်သေးတယ်.ရှင့်လို လူကြီးတစ်ယောက်က ဘာလို့ နားမလည်တာလဲ."ကျန်းယန်ရှန့် နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ မ်က္လုံးထဲမွ လှောင်ပြောင်သရော်နေမှု နှင့် အထင်သေးမှုကို ထင်ရှားစွာ မြင်လိုက်ရသောအခါ အန်တီဝမ် အလွန်အမင်းချေွး ထွက်လာခဲ့သည်။
YOU ARE READING
အကြီးဆုံးသမီး👩
General FictionEldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တက်တူးထိုးခြင်းနှင်း ကားပြိုင်ပွဲများတွင် သူမဘဝကို အချိန်ဖြုန်းခဲ့သည်။ ...