အကြီးဆုံးသမီး👩

1.5K 134 0
                                    

Chapter 181

"  "နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းက မူရင်းဝတ္ထုရဲ့ အစကိုသာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်..... ဘာဖြစ်လို့လည်း ဆိုတော့ ဒီဝတ္ထုရဲ့ ဇာတ်လမ်း တစ်ခုလုံးဟာ ရှည်လွန်းလို့ပါ...”

ကျန်းယန်ရှန့်က ဝတ္ထုကို အကျဉ်းချုပ် ပြောပြလိုက်သည်။

အနာဂတ်တွင်၊ ကမ္ဘာမြေပေါ်ရှိ လူသားများ၏ နည်းပညာ အဆင့်သည် အာကာသထဲသို့ ဝင်ရောက်ရန် ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ Z၊ M နှင့် R  တို့ ၃ နိုင်ငံတို့သည် အာကာသကို စူးစမ်း လေ့လာရန် ပထမဆုံး အာကာသယာဉ်ကို ပူးတွဲ တည်ဆောက်ကြသည်။ အာကာသယာဉ်ကို "ချီတက်ခြင်း” ဟု အမည်ပေးထားပြီး နိုင်ငံ အသီးသီးမှ သိပ္ပံ ပညာရှင်များ ၊ နည်းပညာရှင်များနှင့် အမှုထမ်း ၂၀၀၀ ခန့်ကို သယ်ဆောင်ကာ စကြဝဠာကို  စူးစမ်းလေ့လာရန် ဖြစ်သည်။

၁၄ နှစ်ကြာခရီးနှင်ပြီးနောက် "ချီတက်ခြင်း" ယာဉ်ကြီးသည် နေအဖွဲ့အစည်း မှ ထွက်ခွာ လာတော့သည်။

နဂါးငွေ့တန်း ဂလက်ဆီကြီးတွင် အခြားယာဉ် အမျိုးအစား တို့သည်လည်း ဟိုမှဒီ ကူးလူးသွားလာနေကြသည်။မမျှော်လင့်စွာနှင့် "ချီတက်ခြင်း" ယာဉ်ကို ရက်စက်သော ဂြိုလ်သားများက ရှာဖွေတွေ့ရှိသွားကြသည်။

ဂြိုလ်သားများသည် သူတို့ မကြားဖူးသော ဂြိုဟ်တစ်ခုမှ ယာဉ်တစ်ခု ဖြစ်ကြောင်း သိရှိသွားလျှင် ဤအမည်မသိ ဂြိုလ်(ကမ္ဘာ) ၏ ကိုသြဒိနိတ် များကို ရယူလို၍ "ချီတက်ခြင်း" ယာဉ်ကိုသိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။

"ချီတက်ခြင်း" ယာဉ်‌ပေါ်မှ လူသားများ သည် နှစ်အတော်ကြာ သေခြင်းတရားနှင့် လွန်ဆွဲ နေရတော့သည်။ထိုကာလအတွင်း ကြေကွဲဖွယ် ဇာတ်လမ်းများစွာ ဖြစ်ပျက်ခဲ့သည်။ "ချီတက်ခြင်း"  ပေါ်ရှိ လူပေါင်း များစွာသည် ကမ္ဘာမြေကြီး၏ ကိုသြဒိနိတ်များကို စောင့်ရှောက်ရန်  အသက်ကို စတေးခဲ့ကြသည်။

နောက်ဆုံးတွင် ရဲရင့်သော အမှုထမ်းများသည် လူဆိုး ဂြိုလ်သားများ၏ အာကာသယာဉ်ကို ဖမ်းယူကာ ကမ္ဘာမြေသို့ သက်သေအဖြစ် ပို့လွှတ်ခဲ့သည်။

အကြီးဆုံးသမီး👩Where stories live. Discover now